Posts

Showing posts from July, 2022

ထားဝယ်ရိုးရာ ရေအိုးရွက်အက

Image
  ထားဝယ်ရိုးရာ ရေအိုးရွက်အက ထားဝယ် ရေအိုးရွက်အက ဟူသည် ထားဝယ်သူ ပျိုဖြူချောလေးများက ထားဝယ်ရိုးရာ ဝတ်စုံအား ဝတ်ဆင်ကာ ခေါင်းပေါ်တွင် ရေအပြည့်ထည့်ထားသည့် ရေအိုး တစ်အိုးမှ ငါးအိုး ခြောက်အိုးအထိ  ဆင့်ရွက်ကာ ကပြဖျော်ဖြေသည့် ရိုးရာအက တစ်မျိုးဖြစ်ပါသည်။ (ထားဝယ်သူ ဟူသည် ထားဝယ်မြိုနယ်တွင် နေထိုင်သည့် မိန်းမပျိုများကိုသာ ဆိုလိုခြင်းမဟုတ်ပဲ ထားဝယ်သွေးမှ ပေါက်ဖွားလာသူ ထားဝယ်ခရိုင်အတွင်းမှ မိန်းမပျိုအားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်) ဤသို ဖြစ်မည်ကို “တဘောင်”ပေါ်ခဲ့ခြင်း ဖြစ်၏။ ထိုတဘောင်မှာ “ရွှေဝယ်သူများ ရေခပ်သွား” ဖြစ်လေ သည်။ မြန်မာဘုရင်သည်လည်း ထိုအရေးအခင်းများ ကြောင့် ထားဝယ်ကြောင်း စစ်ချီလာလေသည်။ ယိုးဒယား သို စစ်ချီလာသည်။ ရွှေတောင်စားမင်းကား ယိုးဒယား မင်းနှင့် ပေါင်းရသည်မှာ ထားဝယ်ပြည်သူများ၊ အေးချမ်း သာယာစွာ နေထိုင်နိုင်စေရန်အတွက်ဖြစ်သည်။ သိုသော် အေးချမ်းစေလိုသော်လည်း မအေးချမ်းဘဲ မြန်မာဘုရင်စစ်ချီလာခြင်းကြောင့် ပူပန်သောကဖြစ်ရရုံမက မိမိ၏ အသက်စည်းစိမ်အတွက်ပင်ပူပန်ရတော့သည်။ သိုဖြစ်၍ တဘောင်ဖြစ်သော တေးသွား၏ လိုရင်း အဓိပ္ပာယ်ကို ဖွင့်ဆိုမည်ဆိုပါက “ရွှေဝယ်သူများ အသွား” မင်းရှင်ဖော်သည် ထားဝယ်သူ၊ ထာ...

ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸

Image
                                          ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸 ရှေးရှေးသော ထားဝယ်လူမျိုးများ၏ အယူအဆ ယုံကြည်မှုအရ မိုးခေါင်ခဲ့လျှင် လွန်ဆွဲ၍ မိုးမရွာက ဖားထီ၊း ဖားမ ပွဲကို အစီအစဉ်တကျ ဆင်ယင်ကျင်းပလေ့ရှိကြသည်။ အကယ်၍များ မိုးမရွာသေးလျင် ထားဝယ်ရာဇဝင်လာ ငါးခုံးမ ရုပ်ထုကို ရွှေချ၍ ရေသွန်းခြင်း ရေချခြင်းများ ပြုလုပ်ပါက မိုးမရွာပဲ မနေနိုင်ဟု ထားဝယ်ဓလေ့ ဆိုရိုးရှိခဲ့ပါသည်။ ဤတွင် ဖားထီး ဖားမပွဲနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုသည်မှာ ဘုရားအလောင်းတော် ငါးရံ့မင်း ဘဝဖြင့် ဇလွန်းကျေးရွာ ဇလွန်းတောင်အနီးရှိ ရေကန်ငယ်တွင် ကျင်လည်ကျက်စားခဲ့ရာ အစွဲပြူ၍ ငါးရံ့မင်း ရေအိုင် (သို့) နဒီသေလာကန်တော်ဟုခေါ်တွင်ခဲ့ပြီး ယနေ့တိုင် တည်ရှိဆဲ ဖြစ်ပါသည််။ မိုး နောက်ကျလွန်း၍ လယ်ထွန်၍မရ လယ်ယာမြေများ ပက်ကြားအက်သည့် အခြေအနေတွင်လည်းကောင်း စပါးပင်များ စိုက်ပျိုးပီး၍ မိုးလယ်ကာလ မိုးတန့် မိုးခေါင် ဖြစ်သည့်အခါ၌ လည်းကောင်း ထားဝယ်ဒေသ ဝမ်းစာ ပြတ်လပ်၍ ကပ်ဘေးဆိုက်မည့် အခြေအနေသို ရော...

🐅တနင်္သာရီရိုးရာ ကျားအက🐅

Image
🐅တနင်္သာရီရိုးရာ ကျားအက🐅 တနင်္သာရီ “ကျား”အကသည် ရှေးကျသော ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်ပြီး ယခုအချိန်တွင် ပျောက်ကွယ်လုနီးနီး ဖြစ်နေပေပြီ။ ကျားအက ကရန် ကျားကမည့်သူများအား ခါးတောင်မြှောင်အောင်ကြိုက်၍ အင်္ကျီဗလာဖြင့် ကျားတစ်ကောင်ကဲ့သို့  အသွင်‌ေပြာင်းရန် ခံဆေး/ သုတ်ဆေးတို့ဖြင့် (အနီ၊ အဖြူ၊ အဝါ၊ အနက်) စသည့် ဆေးရောင်စုံမျိုးစုံဖြင့် လူတစ်ကိုယ်လုံး ခန္ဓာကိုယ်အနှံ့အား အကြောင်အကြား၊အစက်အပြောက်များအား သက်ဆိုင်ရာပန်းချီပညာရှင်များက ရေးခြယ်ပေးခဲ့ကြကြောင်း၊ ခါးဆစ်တွင် သံကြိုးဖြင့် ချည်နှောင်ထားရှိ၍ ကျားကစဉ် ကျားစိတ်နိုးထလာစေရန် မုဆိုးများမှ ဟန်ရေးပြခြောက်လှန့်၍ ရန်ပြုပေးရသကဲ့သို ဗုံအဖွဲ့ကလည်း ဒေါင်းဒေါင်းနီချိန်းဆိုသည့် စည်းချက်ဖြင့် တီးကွက်မြိုင်ဆိုင်အောင် တီးပေးကြရကြောင်း သိရသည်။ ကျားစိတ်ပြင်းစွာ မာန်ဖီလာသောအခါ နီးရာကို လိုက်ကိုက်တတ်သဖြင့် ကျားထိန်းများက နိုင်နင်းစွာထိန်းပေးရပြီး ကျားစိတ်ဖြေ လျှော့သွားစေရန်အတွက် ကရမက်လောဘန်ခွက် မီးခိုးအငွေ့ကို ကျား၏ နှာခေါင်းဝတွင် ပေးရူကြရကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ တနင်္သာရီ “ကျား”အဖွဲတွင် လူကျား(၅)ဦး၊ ကျားနောက်ထိန်းသူ (၁ဝ)ဦးထက်မနည်း ပါ...

တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု

Image
တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု တနင်္သာရီဒေသဟာ လှပတဲ့တောင်တန်း၊ ပင်လယ်၊ မြစ်တိုနဲ့ ဝန်းရံထားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ဖက်ဆုံးမှာရှိတဲ့ တနင်္သာရီဒေသဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ နယ်စပ်ထွက်ပေါက် အနေနဲ့ကတော့  (၁) ထားဝယ်ခရိုင် မေတ္တာမြိုနယ်မှာရှိတဲ့ ထီးခီးနယ်စပ်၊  (၂) မြိတ်ခရိုင် မောတောင်မြိုနယ်မှာရှိတဲ့ မောတောင်နယ်စပ်နဲ့  (၃) ကော့သောင်းခရိုင် ကော့သောင်းမြိုမှာတည်ရှိတဲ့ ကော့သောင်း-ရနောင်းနယ်စပ်တိုပဲ ဖြစ်ပါတယ်။  ထီးခီးနယ်စပ်နဲ့ မောတောင်နယ်စပ် ဂိတ်တွေဟာ ကားလမ်းခရီး ပေါက်ပါတယ်။ ဒီနယ်စပ်ဂိတ် နှစ်ခုကတော့ ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေးအတွက် အဓိကအသုံးပြုတယ်လို သိရပါတယ်။ ထီးခီးနယ်စပ်ကို အာဆီိယံ pole လမ်းမအဖြစ်ဖောက်လုပ်ဖို project ရှိခဲ့ပေမယ့် ယခုထိတော့ မြေသားလမ်း အခြေနေသာ ရှိပါသေးတယ်။ မိုးရာသီဆို လမ်းခရီးကအတော်ဆိုးတယ်လို သိရပါသေးတယ်။ ထူးခြားချက်အနေနဲ့ကတော့ ထီးခီးနယ်စပ်ဟာ KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိတာပဲဖြစ်ပါတယ်။ ဘန်ကောက်မြိုထဲကို ထီးခီးနယ်စပ်ကနေသွားမယ်ဆ်ိ (၃)နာရီသာကြာမြင့်မှာ ဖြစ်...

တနင်္သာရီတိုင်းဒေသကြီး

Image
တနင်္သာရီတိုင်းဒေသကြီး ဒီဆောင်းပါးလေးမှာတော့ မြန်မာပြည် တောင်ဘက်ဖျားပိုင်းက တနင်္သာရီဒေသအကြောင်းကို ဖော်ပြပေးပါမယ်နော်။ နယ်ခံတော်တော်များများက သိပြီးသား အကြောင်းအရာများ ဖြစ်ပေမယ့် ဒီပို့စ်လေးက တနင်္သာရီတိုင်းက မဟုတ်ပေမယ့် နေရာဒေသ မခွဲခြားပဲ ကူကလစ်ပေးနေကြတဲ့ သွေးချင်းမောင်နှမများအတွက် ဒေသန္တရ ဗဟုသုတ ရစေရန် ရည်ရွယ်ပါတယ်။ စည်းတံဆိပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီတိုင်း သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။ ၁။ ထားဝယ်ခရိုင် ၂။ မြိတ်ခရိုင် ၃။ ကော့သောင်းခရိုင် ၄။ ဘုတ်ပြင်းခရိုင် စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ စာပေ ထားဝယ်လူမျိုး၊ မြိတ်လူမျိုး၊ ဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိ...

အင်းလေးကန်

Image
အင်းလေးကန် အင်းလေးကန်သည် မြန်မာန်ိုင်ငံ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေ မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးသော ကန်ဖြစ်သည်။  ထို့နောက်မြန်မာတို့၏ရာဇပြည့်ရှင်  ပုဂံ မင်း တပါးဖြစ်သောအနော်ရထာမင်း၏မြစ်တော် အလောင်းစည်သူမင်း သည် တိုင်းကားလှည့်လည်ကာ (နယ်လှည့်ခြင်း) ထိုမဟာ ကန် အရောက် တွင်ဖောင်တော်ကျောက်ချပြီး ရုပ်ပွားတော် ငါးဆူနှင့်စေတီတည်ခဲ့ရာ  အင်းလေးဒေသ နန်ဟူးရွာတွင် ရှိသော  ယနေ့ ထိတိုင် တန်ခိုးကြီးဘုရားဖြစ်တဲ့ (ဖောင်တော်ဦးဘုရား)လို့  ထင်ရှားအမည်တွင်စေခဲ့သည်။ ရှမ်းစော်ဘွား ၊ ရှမ်း၊ ပအို့ဝ် ၊ အင်းသားလူမျိုး၊နှင့် ဓနု စသဖြင့် လူမျိုးစုများ အများဆုံး နေထိုင်ကြကာမျိုးရိုးစဉ်ဆက် ရှေးမူမပျက် တံငါ ငါးဖမ်းလုပ်ငန်းများ ၊ရိုးရာချည်ထည် လက်ယက်ကန်း လုပ်ငန်းများနှင့် တောင်ယာ သီးနှံစိုက်ပျိုးခြင်း၊ကျွန်းမျော များကိုဥယျာဉ်အဖြစ် စိုက်ပျိုးကာ  အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ယနေ့ထိတိုင် လုပ်ကိုင်စားသောက်လျက်ရှိကြသည်။ သဘာဝ တောတောင် ရေ​မြေ ရိုးရာဓလေ့ စသဖြင့်စိမ်းလန်းစိုပြေလှပနေသည့် အင်းလေးကန် နေဝင်ချိန် အလှ (နေလုံးကြီ...

မြိတ် သဘာဝ ဌက်သိုက်

Image
 မြိတ် သဘာဝ ဌက်သိုက် ကျွန်တော်တို့ အမိမြန်မာနိုင်ငံသည် သဘာဝ သယံဇာတများ အများအပြားထွက်ရှိသော နိုင်ငံဖြစ်သည်။ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲ စသည့် သဘာဝတွင်းတွက် အဖိုးတန်လက်ဝတ် ရတနာများအပြင် သဘာဝ ငှက်သိုက်ကဲ့သို့သော အဖိုးတန်သည့် အရာများလည်း ထွက်ရှိပါသည်။ ထိုကဲသို့ သဘာဝအလျောက် ဖြစ်ပေါ်လျက်ရှိသော ငှက်အန်ဖတ် (ငှက်သိုက်) များကို မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် အများဆုံးတွေ့မြင်နိုင်ပြီး အချို့ကို ဧရာဝတီတိုင်း ဒေသကြီးတွင်လဲ တွေ့မြင်နိုင်သည်။ ကျွန်တော်အပါဝင် လူတိုင်းက အန်ဖတ်ဆိုလျှင် ရွံရှာကြတာ သဘာဝပဲလေနော်။ ဒါပေမဲ့ ဒီလိုသဘာဝ တရားကြီးက ဖြစ်ပေါ်လာသော ငှက်အန်ဖတ် "ငှက်သိုက် " ဟာဖြင့် လူသားတို့အတွက် အာဟာရဖြစ်စေလို့ အိမ်တိုင်း ကျန်းမာရေးအတွက် သောက်သုံးမှီဝဲ လေ့ရှိကြသည်။                                  ဇီဝဇိုးဌက် သဘာဝ ငှက်အန်ဖတ် (ငှက်သိုက်)ကို "ဇီဝဇိုး" လို့ အမည်တွင်သော ငှက်တမျိုးကပဲ အန်ထုတ်လေ့ရှိသည်။ ထိုငှက်သည် အင်းစက်ပိုးမွှားများကို...

စိမ်းပြာရေညှိ (Spirulina)

Image
ကမ္ဘာမြေကြီး၏ သက်တမ်းအရင့်ဆုံးသော စိမ်းပြာရေညှိ (Spirulina ) သည် လူသားတို့အတွက် ဆေးဖက်ဝင်သော သက်ရှိမျိုးစိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ရေချိုရော ရေငန်မှာပါ ပေါက်ဖွားလေ့ရှိကာ (cyanobacterium) ဘက်တီးရီးယား တစ်မျိုးဖြစ်သည်။ Cyanobaterium သည် အပင်များကဲ့သို့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်ပြီးမှတဆင့် အာဟာရဓာတ်ကို ထုတ်ပေးသော သက်ရှိ ဘက်တီးရီးယား  တစ်မျိုးဖြစ်သောကြောင့် စိမ်းပြာရေညှိ (Spirulina) တွင် အာဟာရဓာတ်ပေါင်းများစွာ ပါဝင်သဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ကျန်းမာရေးအတွက် အထောက်ကူပြု အားဆေးအဖြစ် သာမက အလှအပရေးရာ ဖြစ်သော (Skin )အတွက်လဲ အထောက်ကူပြု သည့် သဘာဝစစ်စစ် (Organic) အလှ ကုန်ပစ္စည်းများ (သနပ်ခါး၊ခေါင်းလျှော်ရည်)စသဖြင့် ထုတ်လုပ်ရာတွင်လဲ အသုံးပြုလျက်ရှိ သည်။    တွင်းတောင် စိမ်းပြာရေညှိကို မက္ကဆီကိုနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံ စသဖြင့် အချိူ့သော ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လဲ စစ်ကိုင်းတိုင်းဒေသကြီး ဘုတင်လင်မြို့၊ တွင်းတောင်၊ ကနီမြို့နယ်ရှိ တွင်းမအင်း နှင့် စစ်က...

Professor Ali

Image
  ရူပဗေဒ ပါမောက္ခ တစ်ဦး  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့လေးမှာ အများသူငါ လေးစားအားကျ အတုယူထိုက်သည့် ပုဂ္ဂိုလ်တဦးရှိခဲ့ဖူးသည်။ သူ၏အမည်မှာ- ဆူဖီလ်မုဟာ မ္မဒ် အလီ ဖြစ်သည်။ ထားဝယ်သားတစ်ဦးဖြစ်တဲ့ သူဟာပညာတတ် တက္ကသိုလ် ကျောင်း ဆရာကြီး တစ်ဦး ဖြစ်တော့ အများကလေးစားစွာ Professor အလီ (ရူပဗေဒပါမောက္ခ) လို့ဘွဲ့ ရာထူး နာမကို ထည့်ခေါ်သတဲ့ ဗျာ... သူသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ပညာရေးအပြင် ဘာသာရေးပါ အင်မတန်မှလေးစားလိုက်နာသူတစ်ဦး ဖြစ်သည်။ ဆရာကြီး အလီတွင် ဇနီး နှင့် သမီးတစ်ဦး ရှိသည်။ တစ်နေ့တော့ ထားဝယ်သားဖြစ်တဲ့ ဆရာကြီး အလီဟာ သူ တတ်ကျွမ်းပြီး ရရှိထားသော ဘွဲ့ဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ရူပဗေဒ ဘာသာ ပညာရပ် (အထူးပြု) ကို သင်ကြားပို့ချဖို့အတွက် မန္တလေးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားရန် ဝင်ခွင့်လျှောက်ထားခဲ့သည်။ ကံကောင်းစွာဖြင့် ဝင်ခွင့်အောင်ကာ ဆရာကြီး အလီ တစ်ယောက် မန္တလေးမြို့ကို တာဝန်နဲ့ ပြောင်းရွှေ့လာပြီး ထိုမြို့တွင်ပဲမိသားစုလိုက် အခြေချနေထိုင်ခဲ့တော့သည်။  Professor အလီမှာ စာအသင်အပြအလွန်ကောင်းသည့်အပြင် ရိုးသားဖြောင့်မတ် တည်ကြည်ပြတ်သားသူ ဖြစ်သည်။ သူ့အလုပ်ကို ...