အင်းလေးကန်
အင်းလေးကန်
အင်းလေးကန်သည် မြန်မာန်ိုင်ငံ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေ မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးသော ကန်ဖြစ်သည်။
ထို့နောက်မြန်မာတို့၏ရာဇပြည့်ရှင်
ပုဂံ မင်း တပါးဖြစ်သောအနော်ရထာမင်း၏မြစ်တော် အလောင်းစည်သူမင်း သည်
တိုင်းကားလှည့်လည်ကာ (နယ်လှည့်ခြင်း) ထိုမဟာ ကန်
အရောက်
တွင်ဖောင်တော်ကျောက်ချပြီး ရုပ်ပွားတော် ငါးဆူနှင့်စေတီတည်ခဲ့ရာ
အင်းလေးဒေသ နန်ဟူးရွာတွင် ရှိသော ယနေ့ ထိတိုင် တန်ခိုးကြီးဘုရားဖြစ်တဲ့
(ဖောင်တော်ဦးဘုရား)လို့ ထင်ရှားအမည်တွင်စေခဲ့သည်။
ရှမ်းစော်ဘွား ၊ ရှမ်း၊ ပအို့ဝ် ၊
အင်းသားလူမျိုး၊နှင့် ဓနု စသဖြင့် လူမျိုးစုများ အများဆုံး
နေထိုင်ကြကာမျိုးရိုးစဉ်ဆက် ရှေးမူမပျက် တံငါ ငါးဖမ်းလုပ်ငန်းများ
၊ရိုးရာချည်ထည် လက်ယက်ကန်း လုပ်ငန်းများနှင့် တောင်ယာ
သီးနှံစိုက်ပျိုးခြင်း၊ကျွန်းမျော များကိုဥယျာဉ်အဖြစ် စိုက်ပျိုးကာ
အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ယနေ့ထိတိုင်
လုပ်ကိုင်စားသောက်လျက်ရှိကြသည်။
သဘာဝ တောတောင် ရေမြေ ရိုးရာဓလေ့
စသဖြင့်စိမ်းလန်းစိုပြေလှပနေသည့် အင်းလေးကန် နေဝင်ချိန် အလှ
(နေလုံးကြီးကအင်းလေးကန်ထဲ ရေဆင်းချိုးသယောင်)ထင်ဟပ်စွာ လှပမှုက
လာရောက်လည်ပတ်သူများ အတွက် အပန်းဖြေ လွမ်းမောဖွယ်ရာ အမှတ်တရနေ့စွဲအဖြစ်
စိတ်ပင်ပမ်းမှု ခံစားချက်များ ကို လဲ ခဏတာ ပြေ ပျောက်
ပျော်ရွှင်ကြည်နူးမိစေတယ်ဗျာ.....
ထိုကန်၏ ထူးခြားသော ဘုရားစေတီဖြစ်တဲ့ဖောင်တော်ဦး
ဘုရားပွဲတော်ဟာဆိုလျှင်ဖြင့် မြန်မာနိုင်ငံတွင်းသာမက ကမ္ဘာထိပါ
ထင်ပေါ်ကျော်ကြားသော မြန်မာ့ တို့၏ အထင်ကရ ဘုရားပွဲတော် တခုအဖြစ်
ယနေ့ထိတိုင်ကျင်းပလျက်ရှိကြသည်။ထိုအင်းလေကန်သည် မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များကို အလွန်စွဲဆောင် စေသော
မြန်မာနိုင်ငံ၏ ရေပေါ်မြို့တခုအဖြစ် ထင်ပေါ်ကျော်ကြားလာသည်။
"တောင်တွေကာရံ
ထားတဲ့အလယ်မှာ အင်းလေး ရေပြင်ပြာ..."ဆိုသကဲ့သို့
သန့်ရှင်းကြည်လင်ပြာလဲ့သော အင်းလေးကန်၏အလှ ကို လှေစီးကာ
လည်ပတ်လေ့လာကြသည်။ဒါနဲ့
အခြားမြို့များကို လည်ပတ်လျှင်
ကားဖြင့်လျှောက်လည် ကြသည်မှာ သမရိုးကျဖြစ်သည်။ထိုနောက်
အင်းလေးသို့လာရောက်လည်ပတ်လျှင် အင်းထဲကို ရောက်တာနဲ့ လှေ
ဖြင့်သာလည်ပတ်ရလို့ စိတ်လွတ်လပ်ပေါ့ပါးခြင်းနှင့်
ပျော်ရွှင်ခြင်းအေးချမ်းခြင်း အနှစ်သာရ ကို ပိုမို လွတ်လပ်စွာ ခံစားရသည်။
ဥရောပနိုင်ငံရှိ ရေပေါ်မြို့များကို အလည်ပတ်မသွားခင်
အမိမြန်မာနိုင်ငံရဲ့ အလွန်သာယာ လှပတဲ့ရေပေါ် မှာ ခြေတန်ရှည်
အိမ်လေးတွေနဲ့ရှမ်းပြည်တောင်ပိုင်းဒေသရှိ အင်းလေးကန်ကို ပထမဦးစွာ
လာရောက်လည်ပတ်ပြီး အင်းသားတို့၏ယဉ်ကျေးမှု ၊ဓလေ့ရိုးရာ
၊စိုက်ပျိုးရေးလုပ်ငန်းများနှင့် ရာဇဝင်သမိုင်းများ သဘာဝတောတောင် ရေမြေ
သစ်ပင်ပန်းပင်အလှပများ ကို လေ့လာပြီးဘဝအမောတွေပြေကာ တနေ့တာကို
အကောင်းမွန်ဆုံးအေးချမ်းလှပစွာ အင်းလေးကန် ရှိ ရေပေါ် ဟိုတည် အချို့မှာ
အိပ်စက်ပြီး ကုန်ဆုံး စေချင်ပါသည်။
ကန်ရေပေါ်မှာ
ဆောက်ထားတဲ့ အဆောက်ဦးလက်ရာတွေဟာ ရှေးရာစုတခုရဲ့ အမွေအနှစ်ကို
ထင်ဟပ်စေသည့်အပြင် ယခုဆိုလျှင်ခရီးသွားများအတွက် ရေပေါ်ဟိုတည် များစွာ
ဆောက်လုပ်ကာ ဧည့်မလွတ်အောင် လှပစွာ ကြိုဆိုနေတဲ့ အင်းလေးကန်ကြီးဟာ လှေများ ၊
ရေပေါ်ပန်းအလှ ရောင်စုံများဖြင့် စည်ကားနေသည့်အပြင် သဘာဝ
အလှမြင်ကွင်းပေါင်းများစွာဖြင့် သေသပ်လှပနေသည့် မြို့လေးတခုအဖြစ်
တည်ရှိနေပြီး ယခုဆို ကမ္ဘာလှည့်ခရီးသည် များ အလွန် မြတ်နိုးနှစ်ခြိုက်တဲ့
မြန်မာနိုင်ငံရှိ ရေပေါ် မြို့လေး တမြို့အဖြစ် တည်ရှိနေပြီ။
အင်းသားတို့၏ခြေထောက်တဖက်ထဲဖြင့် လှေလှော် သည့်ရိုးရာ
ဓလေ့၊ပိုက်ကွန်ဖြင့် ငါးဖမ်းသည့် ရိုးရာဓလေ့ စသည့်အတတ်ပညာတို့ကလဲ
ကမ္ဘာ့နိုင်ငံခြားသားများကို အထူးစွဲဆောင်စေပြီး ကမ္ဘာမှာ မြန်မာ ဆို
လူသိစေလာစေသည့် ထူးခြားတဲ့ ရိုးရာခြေတဖက်ဖြင့် လှေလှော်ခြင်းအလှ ဖြစ်သည်။
ထိုစဉ်
ဖောင်တော်ဦးဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့် ဆို ကျင်းပလေ့ရှိကာ ထို
ဘုရားအဆူဆူ အား ကရဝိတ်ရေ ယာဉ်ဖြင့် အလှပြ ပင့်ဆောင်ကာ လောင်းလှေများဖြင့်
လှပစွာ လှော်ခတ်ပြီး အင်းကန်ထဲတွင် လှေလှော်ပြိုင်ပွဲများအပြိုင်အဆိုင်
ကျင်းပခြင်းဖြင့် ဘုရားပွဲတော်ကို ယဉ်ယဉ်ကျေးကျေးစည်ကားသိုက်မြိုက်စွာ
ပြုလုပ်လေ့ရှိကြသည်။အင်းသားတို့၏ခြေတဖက်ဖြင့်လှော်ခတ်သည့်လောင်းလှေအလှသည်
ထိုပွဲတော်ရက်အတွင်းပိုမိုထင်ရှားစွာမြင်တွေ့ရပြီး
လူမျိုးဘာသာမရွေးလူသားတိုင်းအတွက် အလွန်စွဲမက် စေသော
မြန်မာ့ရိုးရာဓလေ့တခုအဖြစ် ခရီးသွားများကို လာရောက်လည်ပတ်ချင်အောင်
စွဲဆောင်နေသည့် အင်းလေးကန်၏ အလှတခုအဖြစ်ပါဝင်စေခဲ့သည်။
ထိုကန် (အင်းလေး)မြေပေါ်ခြေချတာနှင့် ရိုးသားဖြူစင်
တဲ့ အင်းသားတို့၏ဖော်ရွေမှု ကိုပထမဦးစွာတွေ့မြင်ရခြင်းကိုက ဘဝအမောတွေ
ပြေစေလို့....ကျွန်တော်ကတော့ အင်းထဲကို တနှစ်တခေါက်
သွားရောက်အပန်းဖြေလည်ပတ် ကာ စိတ်ပင်ပမ်းမှုများကို သဘာဝရေပြင်တောတောင်တွေ၏
လန်းဆန်းလှပ မှု နဲ့ အတူအေးချမ်းစွာ ဖြတ်သန်းလိုက်သည်။
ထို့နောက်
ဖောင်တော်ဦးဘုရားဖူးရင်း နှင့် အင်းသားတို့၏ရိုးရာ ဓလေ့ အစားသောက်များကို
လှည့်ပတ်စားသောက် ကာ လှေ တစီးဖြင့် အင်းလေးကန်ရှိတောတောင် အလှ ၊ ကြာပန်း
အလှနှင့်အချို့သောရောင်စုံ ပန်းများ၏ အလှကို ဓာတ်ပုံရိုက်ရင်း လှေပေါ်တွင်
နေဝင်ချိန်ကို ငေးမောပြီး
ဖြတ်သန်းကုန်ဆုံးခဲ့သည်။ကျွန်တော်ကဓာတ်ပုံရိုက်ဝါသနာပါ၍ အင်းလေးကန်သည်
ဓာတ်ပုံရိုက်ဖို့ ရှုခင်း များ
အလွန်လှပကြောင်းသတင်းကောင်းလေးပါးချင်ပါတယ်ဗျ။
ဒါနဲ့
စာဖတ်သူတို့ အနေဖြင့် စိတ်ဝင်စားဖွယ် အရာတခုက အင်းသားတွေဟာ
ဈေးဘယ်မှာဝယ်ကြလဲ လို့ မေးခွန်းများစွာ ရှိမယ်ထင်တယ်?????ကျွန်တော်လဲ
စိတ်ဝင်စားတဲ့အချက်တခုပါ။????
ရှမ်းပြည်နယ် က
ရှေးထဲက အစဉ်အလာ တခုရှိတယ် မြို့အလိုက် ငါးရက်ဈေး ဆယ်ရက်ဈေးဆိုပြီး
နေ့ရက်အလိုက် အလှည့်ကျ ဈေးရောင်းချကြသည်မှာယနေ့ထိတိုင်ပင် ဖြစ်သည်။
ထိုနေ့ကို ဈေးနေ့ ဟုခေါ်တွင်ကြသည်။
အင်းလေးကန်ရေပေါ်ဈေးနေ့ဆို
သိပ်လှတယ်ဗျာ ... လှေပေါ်မှာ အပြိုင်အဆိုင်မိမိတို့ မျိုးနွယ်စုကို
ကိုယ်စားပြုတဲ့ ရှမ်း ရိုးရာဝတ်စုံချည်ထည် အချို့ကို ဝတ်ဆင်ကာ
ဈေးနေ့ကိုလှလှပပ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိသည်။
ထိုဈေးနေ့နှင့်ကမ္ဘာလှည့်ခရီးသွားတို့
တိုက်ဆိုင်လျှင် အင်မတန်လှတဲ့ အင်းလေးကန်ကြီးက အလွန်အသက်ဝင်လှပ စေလို့
.......စာဖတ်သူတို့ မယုံဘူးဆို အမှန်တကယ်သွားရောက်လည်ပတ်ကြည့်ပါ။
သိပ်လှတယ်လို့ကျွန်တော်ရေးတာထက်ပိုပြီး အင်းကန်၏သဘာဝကျကျ မြင်ကွင်းများကို
တွေ့ရပါလိမ့်မည် လို့ ကျွန်တော်ယုံကြည်တယ်ဗျာ....
ပြုံးရီလိုက်တိုင်း
ပါးအို့ နီနီလေးတွေနဲ့ သဘာဝကျကျလှပ ဖြူစင်တဲ့ ရှမ်းမလေးတွေကလဲ လက်ယက်ကန်း
ချည်ထည် တွေကိုကိုယ်တိုင်ချုပ်(ယက်) ပြီး ကိုယ်တိုင် ဝတ်ဆင်ကာ ရိုးရာ
ဓလေ့ ကို ဖော်ကျူးလေ့ရှိသည်။ အိမ်တိုင်းနီးပါး ချည်ထည် လက်ရက်ကန်း ကို
အိမ်တွင်းမှု လုပ်ငန်းအဖြစ်လုပ်ကိုင်ကြလို့ လာရောက်လည်ပတ်သူအများစုက
ဝယ်ယူအားပေးကာ ရင်းနှီးသူမိတ်ဆွေများကို အင်းလေး အပြန်လက်ဆောင်
(အင်းလေးထည် )အဖြစ်ပေးလေ့ရှိကြသည်။
အသားမှာဝက် အသီးမှာသရက် အရွက်မှာ လက်ဖက် ဆိုသလို
ရှမ်းပြည်နယ် ရှိ လက်ဖက်နှင့်လက်ဖက်ခြောက် က မြန်မာနိုင်ငံတွင် ထိပ်တန်း
နံပါတ် တစ် အစားသောက် အဖြစ် ယနေ့ချိန်ထိရပ်တည်လျက်ရှိသည်။
ဘယ်ဒေသနဲ့မှမတူတဲ့ လက်ဖက်ကို စိုက်ပျိုးကာ နူးညံ့သောလက်ဖက်အသားများနှင့်
မွှေးကြိုင်သော ကောက်ညှင်းမွှေးလက်ဖက်ခြောက်များ ကို သဘာဝစစ်စစ်
ကျန်းမာရေးနှင့်ညီညွတ်အောင် ထုတ်လုပ်ကာပြည်တွင်းသာမက
ပြည်ပကိုပါတင်သွင်းရောင်းချလျက်ရှိသည်။ ရှမ်း ပလောင်လက်ဖက်အညွန့်ဆို
ကျွန်တော်သိပ်ကြိုက် လို့ ပုဇွန်ခြောက်လေး ပါထဲ့ ပြီး သုပ်စားကြည့်
....နူးညံ့ မိမိုက်ပြီးအရသာ ရှိ နေရောဗျာ။
ဒီလိုနဲ့
တနေ့တာကုန်ဆုံးကာ ညဘက်ရောက်တော့ လပြည့်နေ့နှင့်
ကျွန်တော်ရောက်ချိန်တိုက်ဆိုင်သဗျ...ဒါနဲ့ ပြည့်ဝန်းစွာ လှပနေသည့်
လပြည့်ဝန်းကြီးကို ကျွန်တော် ငေးမောကြည့်ပြီး ခေါပုတ် ကြော်နဲ့ အကြမ်းရေ
မွှေးမွှေးလေး(ကောက်ညှင်းမွှေးလက်ဖက်ခြောက်)ကို ကျွန်တော် လွေးကာ ရှမ်း
ရိုးရာဓလေ့အချို့ အကြောင်းကို တွေးရင်း ဆောင်းအဝင် အေးစက်တဲ့ရာသီဥတုနှင့်
ပေါင်းစပ်ကာ ကျွန်တော် ခုလို Contentကောင်း တပုဒ်ကို ရေးနိုင်ခဲ့သည်။
ဒါနဲ့ကျွန်တော်က
ဆောင်းရာသီကို ကြိုက်တော့
ချမ်းအေးသောဒေသတွေဆိုကျွန်တော်မကြာခဏသွားလည်ပတ်ဖြစ်တယ်။ ဥတုရာသီတခုက
လူတယောက်ရဲ့စိတ်ကို ပြောင်းလဲစေလို့ လူတယောက်သည် စိတ်ခံစားချက်ပင်ပန်းမှု
များကို ပြေပျောက်ဖို့ အနည်းဆုံး တနှစ်တကြိမ်
ခရီးတခုကိုမဖြစ်မနေသွားရောက်လည်ပတ်ကာ စိတ်အပမ်းဖြေ သင့် သည်။ စိတ်ချမ်းသာမှ
ကျန်းမာသောမိသားစုဘဝတွေကို တည်ဆောက်နိုင်မှာဖြစ်သည်။ကျန်းမာခြင်းသည်
လာဘ်တပါးဆိူသကဲ့သို့ ကျန်းမာမှ ဘယ်အရာမဆို ရှေ့ဆက်အားအင် ရှိစွာ စီးပွားရှာ
လုပ်ကိုင်နိုင်မှာမလွဲဧကန် အမှန်ဖြစ်သည်။ဒါနဲ့ စကားမစပ် ကျွန်တော်ကတော့
စိတ်ကိုအတတ်နိုင်ဆုံးအမြဲ ပျော်ရွှင်အောင်နေတယ်ဗျာ။
ထို့ကြောင့်
ဒီလို တောတောင်ရေမြေများဖြင့်စိမ်းစို သာယာ လှပတဲ့
ရေပေါ်မြို့လေး(အင်းလေးကန်) ကို စာဖတ်သူတို့ မိသားစုများ စုပေါင်းကာ
တနေ့တော့ အရောက် လာလည် အပန်းဖြေ ပါလို့ ဖိတ်ခေါ်ချင်ပါသည်။
စာဖတ်သူတို့ကိုမေတ္တာရပ်ခံအပ်ပါသည်။ကျွန်တော်N2သည်
ထိုအင်းလေးကန်အကြောင်းကို အချို့လေ့လာသိရှိထားသည့်အကြောင်းအရာများဖြင့်
အမှီပြုကာ ကိုယ်တိုင်သွားရောက်ထားသော ကုန်ကြမ်း နှင့် ပေါင်းစပ်ကာ
ဇာတ်လမ်းတပုဒ်အဖြစ်ရေးသားထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် မှားယွင်းသောအချက်အလက် အကြောင်းအရာများရှိပါက နားလည်သည်းခံစွာဖတ်ရင်း clicker များ လဲ ပိုမို clickနိုင်ကြပါစေဗျာ 🤝🤝
Content by N2
Comments
Post a Comment