ထားဝယ်ရိုးရာ ရေအိုးရွက်အက

 


ထားဝယ်ရိုးရာ ရေအိုးရွက်အက

ထားဝယ် ရေအိုးရွက်အက ဟူသည် ထားဝယ်သူ ပျိုဖြူချောလေးများက ထားဝယ်ရိုးရာ ဝတ်စုံအား ဝတ်ဆင်ကာ ခေါင်းပေါ်တွင် ရေအပြည့်ထည့်ထားသည့် ရေအိုး တစ်အိုးမှ ငါးအိုး ခြောက်အိုးအထိ 
ဆင့်ရွက်ကာ ကပြဖျော်ဖြေသည့် ရိုးရာအက တစ်မျိုးဖြစ်ပါသည်။
(ထားဝယ်သူ ဟူသည် ထားဝယ်မြိုနယ်တွင် နေထိုင်သည့် မိန်းမပျိုများကိုသာ ဆိုလိုခြင်းမဟုတ်ပဲ ထားဝယ်သွေးမှ ပေါက်ဖွားလာသူ ထားဝယ်ခရိုင်အတွင်းမှ မိန်းမပျိုအားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်)

ဤသို ဖြစ်မည်ကို “တဘောင်”ပေါ်ခဲ့ခြင်း ဖြစ်၏။ ထိုတဘောင်မှာ “ရွှေဝယ်သူများ ရေခပ်သွား” ဖြစ်လေ သည်။ မြန်မာဘုရင်သည်လည်း ထိုအရေးအခင်းများ ကြောင့် ထားဝယ်ကြောင်း စစ်ချီလာလေသည်။ ယိုးဒယား သို စစ်ချီလာသည်။ ရွှေတောင်စားမင်းကား ယိုးဒယား မင်းနှင့် ပေါင်းရသည်မှာ ထားဝယ်ပြည်သူများ၊ အေးချမ်း သာယာစွာ နေထိုင်နိုင်စေရန်အတွက်ဖြစ်သည်။ သိုသော် အေးချမ်းစေလိုသော်လည်း မအေးချမ်းဘဲ မြန်မာဘုရင်စစ်ချီလာခြင်းကြောင့် ပူပန်သောကဖြစ်ရရုံမက မိမိ၏
အသက်စည်းစိမ်အတွက်ပင်ပူပန်ရတော့သည်။
သိုဖြစ်၍ တဘောင်ဖြစ်သော တေးသွား၏ လိုရင်း အဓိပ္ပာယ်ကို ဖွင့်ဆိုမည်ဆိုပါက “ရွှေဝယ်သူများ အသွား” မင်းရှင်ဖော်သည် ထားဝယ်သူ၊ ထားဝယ်သား ရေကဲ့သို အေးချမ်းသာယာစေရန် ယိုးဒယားမင်း ပူးပေါင်းလိုက်ရသည်။ “ရဲဖားကိုယ်စီ ကပ်ပါလာပြီ (ရည်စား) သည် ၁၅ဝဝ ကိလေသာ ဖြစ်သည်။ ကိလေသာသည် အပူမီးဖြစ်တော့သည်။ အလားတူပင် ရေကဲ့သို အေးချမ်းစေလို၍ ယိုးဒယားမင်းနှင့် ပူးပေါင်း၍
သည်။ ထိုအခါမှ မြန်မာဘုရင် စစ်ချီတိုက်ခိုက်လာ၍ မင်းရှင်ဇော်မှာ ကိလေသာမီးကဲ့သို အပူကြီး ပူရတော့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သိုအကြောင်းကြောင့်”ရွှေဝယ်သူများရေခပ်သွားရေအိုးကိုယ်စီ သူတို ပါရပြီ။ ရဲဇား (ရည်းစား)ကိုယ်စီ သူတို ပါချေပြီ” တည်းဟူသော တဘောင်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

တဘောင်ကို အဓိပ္ပာယ်ဖွင့်ဆိုသူများမှာ ထားဝယ် ရဟန်းပညာရှိ၊ လူပညာရှိအချိုပင် ဖြစ်ပေသည်။

ထားဝယ် ဟူသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု များဖြင့် အဆင့်အတန်းမြင့်စွာ နေထိုင်ခဲ့သော လူမျိုးစုများဖြစ်သည်။ အခုနောက်ပိုင်းတွင် စိတ်မကောင်းစွာဖြင့် စာပေယဉ်ကျေးမှုများသည် တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို ဖော်ပြရာတွင် စာပေယဉ်ကျေးမှုသည် အရေးကြီးလှပေသည်။ ထိန်းသိမ်းရန်မှာ ကျွန်ုပ်တိုအားလုံး၏ တာဝန်သာ ဖြစ်ပေတော့သည်။

ကျမ်းကိုး 
စာရေးဆရာကြီး ဦးသန်းဆွေ၏ "ထားဝယ် ဥဒါန်း"
စာကြွင်း။ ။

Writer-Dylan 

Comments

Popular posts from this blog

ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸

တနင်္သာရီတိုင်းဒေသကြီး