တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု


တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု

တနင်္သာရီဒေသဟာ လှပတဲ့တောင်တန်း၊ ပင်လယ်၊ မြစ်တိုနဲ့ ဝန်းရံထားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ဖက်ဆုံးမှာရှိတဲ့ တနင်္သာရီဒေသဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်ခုဆိုတာ အားလုံးသိကြမှာပါ။

နယ်စပ်ထွက်ပေါက် အနေနဲ့ကတော့ 
(၁) ထားဝယ်ခရိုင် မေတ္တာမြိုနယ်မှာရှိတဲ့ ထီးခီးနယ်စပ်၊ 
(၂) မြိတ်ခရိုင် မောတောင်မြိုနယ်မှာရှိတဲ့ မောတောင်နယ်စပ်နဲ့ 
(၃) ကော့သောင်းခရိုင် ကော့သောင်းမြိုမှာတည်ရှိတဲ့ ကော့သောင်း-ရနောင်းနယ်စပ်တိုပဲ ဖြစ်ပါတယ်။ 




ထီးခီးနယ်စပ်နဲ့ မောတောင်နယ်စပ် ဂိတ်တွေဟာ ကားလမ်းခရီး ပေါက်ပါတယ်။ ဒီနယ်စပ်ဂိတ် နှစ်ခုကတော့ ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေးအတွက် အဓိကအသုံးပြုတယ်လို သိရပါတယ်။ ထီးခီးနယ်စပ်ကို အာဆီိယံ pole လမ်းမအဖြစ်ဖောက်လုပ်ဖို project ရှိခဲ့ပေမယ့် ယခုထိတော့ မြေသားလမ်း အခြေနေသာ ရှိပါသေးတယ်။ မိုးရာသီဆို လမ်းခရီးကအတော်ဆိုးတယ်လို သိရပါသေးတယ်။ ထူးခြားချက်အနေနဲ့ကတော့ ထီးခီးနယ်စပ်ဟာ KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိတာပဲဖြစ်ပါတယ်။ ဘန်ကောက်မြိုထဲကို ထီးခီးနယ်စပ်ကနေသွားမယ်ဆ်ိ (၃)နာရီသာကြာမြင့်မှာ ဖြစ်ပေမယ့် ထားဝယ်မြိုကနေ ထီးခီးအထိကတော့ (၄နာရီ-၅နာရီ) အထိကြာမြင့်ပါတယ်။ (လမ်းအနေအထားကွာဟမှုနဲ့ မြေအနေအထားကြောင့်ပဲဖြစ်ပါတယ်)


ထီးခီးနယ်စပ်နဲ့ မောတောင်နယ်စပ်သွားရာလမ်းတွေဟာ တောတောင်သဘာဝရှုခင်းတွေနဲ့ အရမ်းကိုသာယာလှပပေမယ့် ကားလမ်းကောင်းကောင်း မပေါက်သေးတာကြောင့် ဖွံဖြိုးမှုဟာ နှောင့်နှေးနေရပါတယ်။ အပိုမပြောပါဘူး။ မောတောင်နယ်စပ် ကားလမ်းဘေးက တနင်္သာရီမြစ်ရဲ့အလှဟာ စာဖွဲလိုကိုမမှီတာပါ။ ကိုယ့်မြေကိုယ့်ဒေသရဲ့အလှအပတွေကို တစ်ခေါက်လောက်တော့ခံစားပြီး တိုးတက်အောင်ကြံဆောင်ပေးဖိုလည်း ဆန္ဒပြုပါရစေ။


ကော့သောင်းမြိုမှာရှိတဲ့ ရနောင်းနယ်စပ်ကတော့ အားလုံးသိကြတဲ့ ပင်လယ်ပြင်ချင်း ထိစပ်နေတဲ့ နယ်စပ်ဂိတ်ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ စီးပွားရေးအပြင် မြန်မာနိုင်ငံအနှံက ရွှေ့ပြောင်းလုပ်သားတွေ အားထားရတဲ့ နယ်စပ်ထွက်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကတော့ တနင်္သာရီဒေသမှာရှိတဲ့ နယ်စပ်ဂိတ်သုံးခုအကြောင်းပဲ ဖြစ်ပါတယ်။ စီးပွားရေး၊ နိုင်ငံရေးအမြင်နဲ့မဟုတ်ပဲ ဒေသတွင်းက ခရီးသွားလာမှု မြှင့်တင်နိုင်တဲ့ နေရာတွေအဖြစ် ရေးသားတင်ပြထားခြင်း ဖြစ်တာမို လိုအပ်တဲ့အချက်အလက်များကို Comment တွင်ရေးသားအကြံပြုပေးသွားနိုင်ပါတယ် ခင်ဗျာ/ရှင်။

 

Comments

Popular posts from this blog

ထားဝယ်ရိုးရာ ရေအိုးရွက်အက

ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸

တနင်္သာရီတိုင်းဒေသကြီး