စိမ်းပြာရေညှိ (Spirulina)
ကမ္ဘာမြေကြီး၏ သက်တမ်းအရင့်ဆုံးသော
စိမ်းပြာရေညှိ (Spirulina ) သည် လူသားတို့အတွက် ဆေးဖက်ဝင်သော
သက်ရှိမျိုးစိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ရေချိုရော ရေငန်မှာပါ
ပေါက်ဖွားလေ့ရှိကာ (cyanobacterium) ဘက်တီးရီးယား တစ်မျိုးဖြစ်သည်။
Cyanobaterium သည် အပင်များကဲ့သို့ နေရောင်ခြည်ကို စုပ်ယူပြီး
အစာချက်ပြီးမှတဆင့် အာဟာရဓာတ်ကို ထုတ်ပေးသော သက်ရှိ ဘက်တီးရီးယား
တစ်မျိုးဖြစ်သောကြောင့် စိမ်းပြာရေညှိ (Spirulina) တွင်
အာဟာရဓာတ်ပေါင်းများစွာ ပါဝင်သဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို
ကျန်းမာရေးအတွက် အထောက်ကူပြု အားဆေးအဖြစ် သာမက အလှအပရေးရာ ဖြစ်သော (Skin
)အတွက်လဲ အထောက်ကူပြု သည့် သဘာဝစစ်စစ် (Organic) အလှ ကုန်ပစ္စည်းများ
(သနပ်ခါး၊ခေါင်းလျှော်ရည်)စသဖြင့် ထုတ်လုပ်ရာတွင်လဲ အသုံးပြုလျက်ရှိ သည်။
စိမ်းပြာရေညှိကို
မက္ကဆီကိုနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံ စသဖြင့်
အချိူ့သော ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး
ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လဲ စစ်ကိုင်းတိုင်းဒေသကြီး ဘုတင်လင်မြို့၊
တွင်းတောင်၊ ကနီမြို့နယ်ရှိ တွင်းမအင်း နှင့် စစ်ကိုင်းမြို့နယ်တို့တွင်
ရေခါးအင်းဟူ၍ စသဖြင့် အပူပိုင်း ဒေသများတွင်သာ တွေ့မြင်နိုင်သည်။
၎င်းဒေသများအနက်မှ တွင်းတောင် ဒေသထွက် စိမ်းပြာရေညှိမှာ မြန်မာနိုင်ငံအတွက်
အကောင်းဆုံးနှင့် ဆေးဖက်အဝင်ဆုံးသော ကုန်ကြမ်း ဖြစ်သည်။ တွင်းတောင်သည်
ယခင်က မီးတောင် အဟောင်းဖြစ်ကာ ၎င်း၏အကျယ်အဝန်းမှာ မီတာ ၂၀၀
ကျော်မျှကျယ်သည်။ ထူးခြားစွာဖြင့် "စိမ်းပြာရေညှိ" တို့မှာ
မီးတောင်ဟောင်းများတွင်သာ အများအားဖြင့် ပေါက်ဖွားရှင်သန်လေ့ရှိကြသည်။
ထိုတွင်းတောင်ကို အဝေးမှ ရုတ်တရက်ကြည့်လျှင် တောင်တလုံး သဖွယ်နှင့်တူသည်။
အပေါ်ပိုင်းမှကြည့်လျှင် ဒယ်အိုးပုံ သဏ္ဏာန်ချိုင့်ခွက်ကြီးဖြစ်သည်။
ထိုတွင်းတောင်မှ စိမ်းပြာပြာ အချွဲရေ များထွက်ကျလာကာ ထိုရေများကို
"စိမ်းပြာရေညှိ "ဟုခေါ်သည်။ တွင်းတောင် ထွက်" စိမ်းပြာရေညှိ "သည် အခြားသော
ဒေသထွက် စိမ်းပြာရေညှိများထက်သာလွန်ကောင်းမွန်ပြီး ဗိုင်းရပ်စ်
ပိုးအချို့ကို သေစေနိုင်သော အစွမ်းအာနိသင်ရှိသဖြင့် ထိုဒေသထွက်
ရေညှိကိုသာ အဓိက ကုန်ကြမ်းအဖြစ် ရယူကြသည်။
ယခုဆိုလျှင် မြန်မာနိုင်ငံတွင်အစိုးရအသိမှတ်ပြု
တရားဝင် မှတ်ပုံတင်ထားသောကုမ္ပဏီများအနက်မှ " FAME ဆေးဝါး ကုမ္ပဏီ နှင့်
JUNE Spirulina ဆေးဝါးကုမ္ပဏီ" တို့သည် ထိုတွင်းတောင်မှ သဘာဝ ထွက်ရှိသော
စိမ်းပြာအချွဲရေ ကုန်ကြမ်းများကို ခေတ်မှီစက်ကိရိယာများဖြင့်
သန့်စင်ချောမွေ့စွာ ပြုလုပ်ပြီး လူသားတို့ ကျန်းမာရေးအတွက် အာဟာရဖြစ်
စေသော စိမ်းပြာရေညှိ (Spirulina) "အားဆေး" နှင့်သဘာဝအလှကုန် ပစ္စည်းများ
အဖြစ် ထုတ်လုပ်ကာ ပြည်တွင်းပြည်ပ နိုင်ငံ များသို့ တင်ပို့
ရောင်းချဖြန့်ချီ လျက်ရှိကြသည်။ စိမ်းပြာရေညှိ သည် မြန်မာနိုင်ငံအတွက်
တန်ဖိုးရှိ သဘာဝ သံယဇာတ တခုအဖြစ်လဲပါဝင်ပြီး ကျန်းမာရေး အတွက် လွန်စွာ
အထောက်ကူပြု စေသောဖြည့်စွက်အာဟာရ ဆေးဝါး တမျိုးဖြစ်ကာ တနည်းအားဖြင့်
နိုင်ငံ့ဝင်ငွေကိုလဲ တိုးပွားစေသည်။
စိမ်းပြာရေညှိ တွင် မဂ္ဂနီဆီယမ် ၊ပိုတက်ဆီယမ် နှင့်
ဗိုက်တာမင်အပြင် အခြားသော အာဟာရဓာတ်ပေါင်းများစွာ ပါဝင်နေခြင်းကြောင့်
၎င်းကို သောက်သုံးခြင်းဖြင့် အမြင်အာရုံကြည်လင်ခြင်း၊
သွေးတွင်းသကြားဓာတ်များမှုကြောင့် ဖြစ်ပေါ်လာသော ဆီးချိုရောဂါ၊ သွေးကင်ဆာ၊
ခံတွင်းကင်ဆာနှင့်ကင်ဆာအမျိုးမျိုး၊
စိတ်ဖိစီးမှုများခြင်း၊အစာချေစနစ်ကောင်းမွန်ခြင်းနှင့် ကိုယ်ခံအားစနစ်ကို
ပိုမိုအားကောင်းစေခြင်း၊ စသဖြင့် ရောဂါများကိုမဖြစ်ပွားအောင်
ကြိုတင်ကာကွယ်ခြင်းအနေဖြင့် လည်းကောင်း၊ ထိုရောဂါများဖြစ်လျှင်လဲ
သက်သာကောင်းမွန်စေရန် လည်းကောင်း ဆရာဝန်ညွှန်ကြားချက်အတိုင်း
သောက်သုံးလေ့ရှိကြသည်။
အထူးသဖြင့်
စိမ်းပြာရေညှိသည် ခန္ဓာကိုယ်အတွင်းအပြင် ရောင်ရမ်းမှုများကို လျော့ကျစေသော
(Phycocyanin) ဆိုသည့် ဒြပ်ပေါင်းတမျိုးပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်
ရောင်ရမ်းသောဝေဒနာများတွင် လျော့ကျသက်သာအောင်လဲ သောက်သုံးလေ့ရှိကြသည်။
ထို့ပြင်နှလုံးရောဂါအတွက်အထူးကောင်းမွန်သည်ကို လေ့လာတွေ့ ရှိရ
သဖြင့်
နှလုံးအားနည်းခြင်း နှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ
ရှင်များလဲ ထို စိမ်းပြာရေညှိကို ဝေဒနာ သက်သာလာအောင် မှီဝဲ သောက်သုံးကြသည်။
ထို့နောက် အသက်ရွယ်ကြောင့်ဖြစ်ပေါ်လာသော သွေးအားနည်းခြင်းရောဂါများတွင်လဲ
စိမ်းပြာရေညှိ သောက်သုံးခြင်းဖြင့် သွေးအားပြန်လည်ကောင်းမွန်ကာ
ကိုယ်ခံအားစနစ်ကို ပုံမှန်အတိုင်း လည်ပတ် လှုပ်ရှားလာသည်ကိုလည်း
ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သိရှိရသည်။ ယခုဆိုလျှင်ကမ္ဘာပေါ်ရှိ
အမျိုးသမီးအများစုသည် သွေးအားနည်းခြင်းဝေဒနာကို အများဆုံးခံစားနေကြရသည်။
ထို့ကြောင့် ယခုလို အာဟာရများစွာပါဝင်သည့် စိမ်းပြာရေညှိ
ကိုအိမ်တိုင်းဆောင်ထားကာ မိမိတို့ဘဝ ကျန်းမာ လှပနုပျိုလန်းဆန်းဖို့အတွက်
နေ့စဉ် အမျိုးသမီး အားဖြည့်ဆေးတမျိုးအဖြစ်လဲ သောက်သုံးသင့်ပါသည်။
စိမ်းပြာရေညှိသည် (Oxidative damage )တွေကို တိုက်ဖျက်ပေးနိုင်သောအစွမ်း
အာနိသင်ရှိခြင်းကြောင့် ကြွက်သားများကို သန်မာစေပြီး သက်လုံ
ကောင်းစေခြင်းများကြောင့် ကိုယ်ကာယ လှုပ်ရှားသူများနှင့်အားကစားသမားများ လဲ
သောက်သုံးရန် သင့်တော်ပါသည်။ (GYM ကစားသူများလဲသောက်သုံးလို့ရပါသည်။)
စိမ်းပြာရေညှိသည် အရွယ်တင်နုပျိုခြင်းကိုပေးစွမ်းသည့်
Anitioxidantsများစွာပါဝင်သဖြင့် အမျိုးသား၊ အမျိုးသမီးအရွယ်(၃)ပါးမရွေး
သောက်သုံးလို့ရသည့် အာဟာရဓာတ်ဆာတမျိုးဖြစ်သည်။ သို့သော်လည်း ၄င်းတွင်
ဘေးထွက် ဆိုးကျိုးအနည်းငယ်ရှိပါသည်။ အိုင်အိုဒင်း ဓာတ်ပါဝင်သောကြောင့်
အိုင်အိုဒင်းမတည့်သူများ လုံးဝမသောက်သုံးသင့်ပါ။ ထို့အပြင်
နို့တိုက်မိခင်များလဲ သောက်သုံးရန်မသင့်ပါ ။ ထို့ကြောင့်
စာဖတ်သူတို့အနေဖြင့် မည်သို့ပင် အားဆေးဖြစ်စေကာမူ
ဆရာဝန်ညွှန်ကြားချက်များနှင့်အညီသာ သောက်သုံး သင့်ပါကြောင်း လေးနက်စွာ
အသိပေးပါရစေဗျာ။
ယခုဆိုလျှင် "စိမ်းပြာရေညှိ" ကို
သနပ်ခါး(မင်းဝံတောင်) နှင့် စိမ်းပြာရေညှိ ခေါင်းလျှော်ရည်
(ဆံပင်ကျွတ်ခြင်းကိုသက်သာစေခြင်း) စသဖြင့်အလှအပနှင့်သက်ဆိုင်သော သဘာဝ
အလှကုန်များစွာကိုလဲ မြန်မာနိုင်ငံရှိ "JUNE Spirulina Company" မှ
နေ့စဉ်နှင့်အမျှ ထုတ်လုပ်ဖြန့်ချီရောင်းချလျက်ရှိပါသည်။ကျွန်တော်ကိုယ်တိုင်
လက်တွေ့ "" JUNE Spirulina Company"" မှ" AVAMIN " ဆေးကို
ကိုယ်ခံအားကောင်းစေရန်လက်ရှိသောက်သုံးလျက်ရှိပါသည် ။ ( Immune Active
အတွက်တကယ်ကောင်းသောဆေးပါ)
ကျန်းမာခြင်းသည်လာဘ်တပါး ဆိုသကဲ့သို့ ယခုလို
သဘာဝစစ်စစ် " စိမ်းပြာရေညှိ (Spirulina) " ဆေးဝါး များကို
သောက်သုံးခြင်းဖြင့် စာဖတ်သူ မိသားစုဝင်များအားလုံး ကျန်းမာခြင်း
၊လှပနုပျိုခြင်းဖြင့်ပြည့်စုံပြီး ကပ်ဘေးအပေါင်းမှ ကင်းဝေးကာ
ပျော်ရွှင်အေးချမ်းသာယာစွာ သက်ရှည်ကျန်းမာပြီး နေထိုင်နိုင်ကြပါစေ လို့
ကျွန်တော်N2 ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ဗျာ။🙏🙏🙏
ကျွန်တော် N2သည် လေ့လာသိရှိထားသမျှကို အမှီပြုရေးသားထားသောကြောင့် မှားယွင်းသောအချက်အလက် များပါရှိလျှင်လေးနက်စွာ တောင်းပန်ပါသည်။
မှတ်ချက်
!!!! မြန်မာနိုင်ငံတွင် အစိုးရအသိမှတ်ပြု တရားဝင်လုပ်ကိုင်လျက်ရှိသော
ဆေးကုမ္ပဏီ များစွာရှိပါသည်။ ဥပမာအနေဖြင့်" FAME ဆေးဝါးကုမ္ပဏီနှင့် JUNE
Spirulina ဆေးဝါး ကုမ္ပဏီ" ကိုသာ ကျွန်တော် ရေးသားဖော်ပြထားပါသည်။
Content By N2
Comments
Post a Comment