တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ဒီဆောင်းပါးလေးမှာတော့
မြန်မာပြည် တောင်ဘက်ဖျားပိုင်းက တနင်္သာရီဒေသအကြောင်းကို
ဖော်ပြပေးပါမယ်နော်။ နယ်ခံတော်တော်များများက သိပြီးသား အကြောင်းအရာများ
ဖြစ်ပေမယ့် ဒီပို့စ်လေးက တနင်္သာရီတိုင်းက မဟုတ်ပေမယ့် နေရာဒေသ မခွဲခြားပဲ
ကူကလစ်ပေးနေကြတဲ့ သွေးချင်းမောင်နှမများအတွက် ဒေသန္တရ ဗဟုသုတ ရစေရန်
ရည်ရွယ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်း သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး
တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။
လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။
အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ
ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ
၁,၄၀၈,၄၀၁ ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။
၁။ ထားဝယ်ခရိုင်
၂။ မြိတ်ခရိုင်
၃။ ကော့သောင်းခရိုင်
၄။ ဘုတ်ပြင်းခရိုင်
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
စာပေ
ထားဝယ်လူမျိုး၊
မြိတ်လူမျိုး၊ ဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့်
ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက
ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး
သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။
ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန်
ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
စကားချပ်။ ။
ထားဝယ်၊
မြိတ်၊ ဆလုံ လူမျိုးစု သုံးခုစလုံးသည် တိုင်းရင်းသား ၁၃၅ မျိုးတွင်
ပါဝင်သော တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည်။ ဗမာမျိုးနွယ် ၉ မျိုးတွင်
ထည့်သွင်း ဖော်ပြထား၍ ထားဝယ်၊ မြိတ်၊ ဆလုံ တို့ကို ဗမာ များသာဖြစ်သည်ဟု
အမှတ်မှားတတ်ကြပါသည်။ လူမျိုး တစ်ခုချင်းစီတွင် ကိုယ်ပိုင် ဘာသာစကား၊
ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ ရှိကြပါသည်။ ဗမာသည် ဗမာတိုင်းရင်းသား
ဖြစ်သလို ထားဝယ်၊ မြိတ်၊ ဆလုံသည်လည်း သက်ဆိုင်ရာ တိုင်းရင်သားများသာ
ဖြစ်ပါသည်။
ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
ထားဝယ်
နှင့် ဆလုံ လူမျိုးများ၏ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား
ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။
ထားဝယ်ရိုးရာ ရေအိုးရွက်အက
ဆလုံ (မော်ကင်း ရိုးရာအက)
မြိတ်လူမျိုးများ၏
ရိုးရာ ယဉ်ကျေးမှုအား Wikipedia တွင် ဖော်ပြထားသည်ကို မတွေ့ရှိရပါ။
ရှိခဲ့ပါက C4T အား ဆက်သွယ်ပေးပါရန် ပန်ကြားအပ်ပါသည်။
ထင်ရှားသောနေရာများ
== ထင်ရှားသောနေရာများ ==
*မြိတ်ကျွန်းစု
*မောင်းမကန်ကမ်းခြေ
*ဆင်ခြေထောက်ကမ်းခြေ
*ဖိုးဖိုးကျောက်ကမ်းခြေ
*ကမ်းပနီကမ်းခြေ
*မျှော်ရစ်ကမ်းခြေ
*မြင်းခွာအော်ကမ်းခြေ
*ရှင်ကိုးရှင် (ဘုရားဖူး)
*Bamboo Garden
*မလိကျွန်း (ဘေးမဲ့တော)
*သူဌေးကျွန်း (အက်ဒမန်ကလပ်)
* ဝိတိုရိယ အငူ
*လေးကျွန်းဆီမီးသိမ်တော်ကြီး
*ရွှေသာလျောင်း
*ဗူးဘုရား
*ကမ္ဘာလုံးစေတီ ကမ္ဘာ့အကြီးဆုံးနှီးဘုရား
*ပေါ်တော်မူစေတီ
*မဟာသိဒ္ဓိဇယစေတီ
*လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်]] မြိတ်ကျွန်းစု
*ပါဒစက်တော်ရာ
အကြောင်းအရာ အပြည့်အစုံအား Wikipedia တွင် ဖတ်ရှုပေးပါရန်။
https://my.m.wikipedia.org/wiki/%E1%80%90%E1%80%94%E1%80%84%E1%80%BA%E1%80%B9%E1%80%9E%E1%80%AC%E1%80%9B%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
Editor - Phoenix 🔥
Comments
Post a Comment