Professor Ali
ရူပဗေဒ ပါမောက္ခ တစ်ဦး
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့လေးမှာ
အများသူငါ လေးစားအားကျ အတုယူထိုက်သည့် ပုဂ္ဂိုလ်တဦးရှိခဲ့ဖူးသည်။
သူ၏အမည်မှာ- ဆူဖီလ်မုဟာ
မ္မဒ်
အလီ ဖြစ်သည်။ ထားဝယ်သားတစ်ဦးဖြစ်တဲ့ သူဟာပညာတတ် တက္ကသိုလ် ကျောင်း ဆရာကြီး
တစ်ဦး ဖြစ်တော့ အများကလေးစားစွာ Professor အလီ (ရူပဗေဒပါမောက္ခ) လို့ဘွဲ့
ရာထူး နာမကို ထည့်ခေါ်သတဲ့ ဗျာ...
သူသည်
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ပညာရေးအပြင် ဘာသာရေးပါ
အင်မတန်မှလေးစားလိုက်နာသူတစ်ဦး ဖြစ်သည်။ ဆရာကြီး အလီတွင် ဇနီး နှင့်
သမီးတစ်ဦး ရှိသည်။ တစ်နေ့တော့ ထားဝယ်သားဖြစ်တဲ့ ဆရာကြီး အလီဟာ သူ
တတ်ကျွမ်းပြီး ရရှိထားသော ဘွဲ့ဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ရူပဗေဒ
ဘာသာ ပညာရပ် (အထူးပြု) ကို သင်ကြားပို့ချဖို့အတွက်
မန္တလေးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားရန် ဝင်ခွင့်လျှောက်ထားခဲ့သည်။
ကံကောင်းစွာဖြင့် ဝင်ခွင့်အောင်ကာ ဆရာကြီး အလီ တစ်ယောက် မန္တလေးမြို့ကို
တာဝန်နဲ့ ပြောင်းရွှေ့လာပြီး ထိုမြို့တွင်ပဲမိသားစုလိုက်
အခြေချနေထိုင်ခဲ့တော့သည်။
Professor အလီမှာ
စာအသင်အပြအလွန်ကောင်းသည့်အပြင် ရိုးသားဖြောင့်မတ် တည်ကြည်ပြတ်သားသူ
ဖြစ်သည်။ သူ့အလုပ်ကို အချိန်တိကျစွာ ဖြင့် တာဝန်ကျေပွန်စွာအမြဲ
ထမ်းဆောင်လေ့ရှိသည်။ ကျောင်းသား/သူများကလဲ ဆရာအလီကို ချစ်ခင်လေးစားစွာ
ရိုရိုသေသေဆက်ဆံကြသည်။
ဆရာကြီးအလီတွင် ထူးခြားသော
ဘာသာရေးလေးစားလိုက်နာ မှုများစွာရှိသည်။ သူသည် သွားလေရာ
ဘုရားရှိခိုးဝတ်ပြု ရန် ဂျာနမ္မာဇ် (အစ္စလာမ်ဘာသာတို့၏ဝတ်ပြုအခင်း) ကို
သယ်ဆောင်ယူသွားလေ့ရှိသည်။ ဝတ်ပြုချိန်တိုင်း အချိန်မှီ တစ်ကြိမ်မပြတ်
ရောက်လေရာအရပ်တွင် ဝတ်ပြုဆုတောင်းလေ့ရှိသည်။ ဆရာကြီးအလီ၏ ဘာသာရေးအပေါ်
ထားသော လေးစားလိုက်နာမှုမှာ နောင်လာနောင်သားများ အတုယူသင့် ဖွယ်ကောင်းသည်။
ဒါ့အပြင်ဆရာကြီးမှာ အစ္စလာမ်ဘာသာဝင်တို့၏ တရားတော်နှင့်အညီ မုတ်ဆိတ်
လည်းထားသည်။ ရှေးခေတ်တွင် မုတ်ဆိတ်နဲ့စာသင်ကြားပေမဲ့ ဆရာကြီးအလီမှာ
ဘာသာလူမျိုးခွဲခြားဆက်ဆံခြင်းကိုလုံးဝမခံခဲ့ရပါ။ ဆရာကြီးသည် ကောင်းခြင်း
မင်္ဂလာအဖြာဖြာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ
ပတ်ဝန်းကျင်အားလုံး(ဘာသာခြားများ)ကလဲ ချစ်ခင်ရင်းနှီးလေးစားစွာဆက်ဆံကြသည်။
ဆရာကြီး
သည် အင်္ဂလန်တွင် Scholarship ကိုရရှိခဲ့သည်။ သို့ပေမဲ့
အင်္ဂလန်တွင်ဘွဲ့လွန်ပညာရပ်ကို သွားရောက် လေ့လာခြင်းမရှိခဲ့ပါ။ ဘာကြောင့်
နိုင်ငံကြီးမှာ ကျောင်းမတတ်လဲဆိုတာ အပေါင်းသင်းမိတ်ဆွေများက ဆရာကြီးအပေါ်
အံ့အားသင့်ခဲ့ရသည်။ ဆရာကြီးသည် ၎င်းနိုင်ငံတွင် နေထိုင် စားသောက်ရာတွင်
အစ္စလာမ်တရားတော်ကို ဆန့်ကျင်ကသော (Halal
မလုပ်ထားသောအစားစာများပေါများခြင်း) ကို စိုးရိမ်စိတ်ဖြစ်ကာ
အစ္စလာမ်ဘာသာဝင်များစွာရှိသော ဘင်္ဂလားဒေ့နိုင်ငံ Dakkah (ဒါကား)
မှာသာဘွဲ့လွန် ပညာရပ် သွားရောက် သင်ယူပြီး M.SC ဘွဲ့ကို ယူခဲ့သည်။ ဒါ့အပြင်
ဆရာကြီး နေအိမ်သို့ လာရောက်လည်ပတ်သောဧည့်သည်များသည်လဲဘုရား
ဝတ်ပြုဆုတောင်း(နမ္မာဇ်)ဖတ်ရသည်။ ဆရာကြီးသည် မိမိ၏ ပညာဂုဏ် ကို တောင်မမှုပဲ
ဘာသာတရားအပေါ် လေးစားမှုက အစ္စလာမ်ဘာသာဝင်တို့၏ စံပြပုဂ္ဂိုလ်အဖြစ်
ပါဝင်ကာ ယခုခေတ် အစ္စလာမ်ဘာသာဝင် လူငယ်များအားလုံး လေးစားအတုယူသင့်သည်မှာ
မလွဲဧကန်ပင် ဖြစ်သည်။
ဆရာကြီး၏ ဂုဏ်ဒြပ်တို့ကတော့ စာရေးလို့မကုန်အောင်ပဲ သတင်းမွှေးဖြင့်ကျော်ဇောသည်ဗျာ...။ ရိုးသားတဲ့ဂုဏ်
စားမကုန်
ဆိုသကဲ့သို့ ဆရာကြီးသည် အလွန်ပင်ဖြူစင်ရိုးသားလွန်းသူဖြစ်သည်။ ဆရာကြီးသည်
ကျောင်းဖောင်တိန် နှင့်မိမိ ဖောင်တိန် ဟူ၍ (၂)ချောင်းသာ
ကိုင်ဆောင်လေ့ရှိသည်။ ကျောင်းမှဖောင်တိန်မှာ မင်ကုန်လျှင်
ကျောင်းမင်အိုးတွင်သာဖြည့်သည်။ ထို့နောက်မိမိ ဖောင်တိန်မင်ကုန်လျှင်
အိမ်၌ဝယ်ထားသော မင်အိုးတွင်သာဖြည့်သည်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်
ဆရာကြီး၏ စိတ်ဓာတ် မာကျောမှု၊ စည်းစနစ်ရှိမှုနှင့် ရိုးသားမှုများကို
သိရှိနိုင်သည်။ ဆရာကြီး၏စည်းကမ်းကတော့ မည်သူမျှ လိုက်မမှီပေ။
ဆရာကြီးသည်
စာမေးပွဲမေးခွန်းထုတ်ချိန်၌ မိမိအိမ်အခန်းတွင်တစ်ယောက်ထဲ ထုတ်လေ့ရှိသည်။
ထိုခါတွင် ဗလီသို့ဝတ်ပြုရန်သွားရမည်ကြုံလျှင် မိမိအခန်းအား ဇနီး ဖြစ်သူလဲ
ဝင်ရောက်၍ မရအောင် အခန်းတံခါး သော့ခပ်ကာ ဗလီတတ်ရောက်လေ့ရှိသည်။ (
မည်သူမျှဝင်မရပါ)။ ဒါနဲ့ သမီးဖြစ်သူကလည်း တပည့်တစ်ဦး ဖြစ်သည်။ သို့ပေမဲ့
သမီးဖြစ်သူမှာ စာမေးပွဲ မေးခွန်းကို တစ်စွန်းမျှတောင်မသိရသည့်အပြင်သူမ၏
အဖြေလွှာအား အခြားသော ဆရာ/ဆရာမများသို့သာပေးပြီး စစ်ခိုင်းလေ့ရှိသည်။
သွေးသားအရင်းပင်လျှင် မျက်နှာသာပေးမှု တစွန်းတစမျှမရှိပါ။ ဒါတွေကို
ကြည့်ခြင်းဖြင့်လဲ ဆရာကြီးသည် တပည့်များအပေါ် သမာသမတ်ကျခြင်း၊
ဘက်လိုက်မှုကင်းခြင်းဖြင့် ဆရာတစ်ဦး၏ ဂုဏ်ပုဒ်နှင့်အညီ စည်းစနစ် ကို
စောင့်သိ လိုက်နာသူတစ်ဦးဖြစ်သည့်အလျောက် အလွန်လေးစားထိုက်သော
ကျောင်းဆရာတစ်ဦး ဖြစ်သည်။ နောင်လာမည့် ရာစုသစ်များတွင် ဆရာကြီး Professor
အလီကဲ့သို့ ဆရာ၊ ဆရာမပေါင်းများစွာ ပေါ်ထွက်လာပါစေလို့
မျှော်လင့်ပါတယ်ဗျာ..။
ဆရာကြီးသည် (၂၀၀၀ခုနှစ်
)တွင် အသက် (၉၄)နှစ် ၌ (အလ္လာအရှင်မြတ်အမိန့်တော်ခံယူခြင်း)
ကွယ်လွန်ခဲ့လေသည်။ လူသာ သေဆုံးပေမဲ့ ဂုဏ်သတင်းမွှေးကတော့ ယနေ့ထိ
ပျောက်ကွယ်ခြင်းမရှိပါ ။ ဆရာကြီးအလီ၏ ဓာတ်ပုံ သည် မန္တလေး တက္ကသိုလ်ရူပဗေဒ
ဌာနတွင် ယနေ့ထိတိုင် ရှိသေးသည်ဟု သိရှိရပါသည် ။
(အချို့လေ့လာချက်များအရသိရ)
စာဖတ်သူများ ခင်ဗျာ....
Professor
အလီ(ထားဝယ်သား) အစ္စလာမ်ဘာသာဝင် တစ်ဦး အကြောင်းဖတ်ရှူပြီး
နောင်လာနောင်သားများ အတုယူ လိုက်နာဖွယ်ရာများစွာ တွေရှိမည်လို့ထင်ပါသည်။
ကျွန်တော်စာရေးသူကိုယ်တိုင်ပင်လည်း
အလွန်လေးစားစွာဖြင့် ရေးသားလိုက်ရပါသည်။ မူရင်းရေးသားထားသူ တစ်ဦး ၏
Content အကျဉ်းကို ကျွန်တော် N2 အမှီပြု ပြန်ရေးသဖြင့်မူရင်းရေးသားသူအား
⭐Credit⭐ ပေးပါသည်။ အမှားများပါလျှင်လဲ ခွင့်လွှတ်ပါ ဗျ။🙏
Comments
Post a Comment