Posts

ဦးပိန်တံတား

Image
ဦးပိန်တံတား * * * * * * ဦးပိန်တံတား(ခ)တောင်သမန်တံတားလို့ ကြားလိုက်လျှင် သစ်သားတိုင်များဖြင့် တည်ဆောက်ထားသောတံတားဟောင်းတစ်ခုလို့ သိမြင်ကြပါလိမ့်မယ်။ ကမ္ဘာကျော်တံတားဖြစ်တဲ့ ဦးပိန်တံတားဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာ တည်ရှိပါတယ်။ အမရပူရမြို့ဟာ ရှေးမြို့ဟောင်းတစ်မြို့ ဖြစ်ပါတယ်။ အိုမင်းသော မန်ကျည်းပင်တို့က လမ်းများပေါ်သို့ အရိပ်ထိုးဝင်သောကြောင့် လမ်းများဟာအေးမြနေပါတယ်။ အနောက်ဘက်တွင် ရွှေတစ်ချောင်း ချောင်းရေနှင့်ဧရာဝတီမြစ်ရေကို ကာကွယ်ပေးထားသည့် တာရိုးကြီးတည်ရှိပြီး ၎င်းနောက် အဝေးတွင်မူ စစ်ကိုင်းတောင်ရိုး ထိုးထွက်နေပါသည်။ အမရပူရမြို့ ပါဠိလို (မသေသောမြို့)လို့ အဓိပ္ပာယ်ရတဲ့ မြို့လေးမှာ အလွန်လှပပြီး ကမ္ဘာလှည့်ခရီးသည် တွေ လာရောက်လည်ပတ်ကြတဲ့ ဦးပိန်တံတားဟာယခုဆိုလျှင် နှစ်ပေါင်း၁၇၃နှစ်နီးပါး ရှိနေပါပြီ။ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်တွင် မြို့ဝန်ဦးဘိုင်ဆပ်နှင့် ၎င်း၏စာရေး မောင်ပိန်တို့က မြန်မာသက္ကရာဇ် ၁၂၁၁ ခရစ်နှစ်၁၈၄၉မှ ာတည်ဆောက်ခဲ့ပြီး သက္ကရာဇ် ၁၂၁၃ (၁၈၅၁) မှာတည်ဆောက် ပြီးစီးခဲ့ပါတယ်။ တိုင်များနှင့်ကြမ်းခင်းများဟာကျွန်းတိုင်များ ဖြစ်ပါတယ်...

#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း Horse Shoe Carb

Image
#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း Horse Shoe Carb ဗီလားကောင်တွေဟာ ဆိုရင်ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 450 ခန့်ကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာပါ။ ရှည်လျားပီး ပါးလွှာတဲ့ အမြီးပါရှိပီး ရွှံ့နွံထဲမှာ နေထိုင်တတ်တဲ့ ရေငန်နေ ပင်လယ်သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပင်လယ် ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရလေ့ ရှိပါတယ်။ တနင်္သာရီ ဒေသိယ အခေါ်အဝေါ်အရ ကန်းဖိုကန်းမ၊ ရေကန်းဟု ခေါ်လေ့ရှိပါတယ်။ သူတို့ဟာ တစ်ခါတစ်လေ ငါးဖမ်းတဲ့ ပိုက်ကြားမှာ ပါလာတတ်ပီး အမြီးနဲ့ထိုးတတ်တဲ့ အတွက် ဖမ်းရခက်တဲ့ သတ္တဝါ တစ်မျိုးပါ။ အရွယ်အစား အမျိုးမျိုးရှိတတ်ပီးတော့ သေးငယ်တဲ့ ဂဏန်းပေါက် ငါးပေါက် နဲ့ ပင်လယ်ရေမှော်တွေကို စားသုံးပီး အသက်ရှင် နေထိုင်လေ့ ရှိပါတယ်။ အထီးတွေဟာ ပိုပေါ့လေ့ရှိပီး များသောအားဖြင့် အမတွေမှာ ဥတွေနဲ့ လေးလေးပင်ပင် ရှိသောကြောင့် ကိုင်တာနဲ့ အထီးအမ ခွဲခြားနိုင်ပါတယ်။ သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါ တစ်မျိုးအဖြစ်မြင်ကြပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ အမြီးဟာ အဓိကအားဖြင့် သူတို့ ပက်လက်လှန်သွားတဲ့ အချိန်မှ...

❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑

Image
❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑            ဆလုံလူမျိုးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရဲ့ မြိတ်ကျွန်းစုမှာ နေထိုင်ကြတဲ့ လူမျိုးတစ်စု ဖြစ်ပါတယ်။ Sea Gypsy (ပင်လယ်ဂျပ်ပစီများ) လိုတင်စားခံကြရတဲ့ သူတိုဟာ ထူးခြားတဲ့ ရေငုပ်စွမ်းရည်၊ ယဉ်ကျေးမှု၊ အစားအသောက်၊ ဓလေးထုံးတမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ လက်ရှိအချိန်မှာတော့ လူဦးရေ ၂၀၀၀သာကျန်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ထိုင်းဖက်ကို ပြောင်းရွှေ့အခြေချလာတာတွေ ရှိလာပါတယ်။         သူတိုဟာ Austronesian အနွယ်ဝင်တွေ ဖြစ်ကြပြီး သူတိုကို မော်ကင်း (moken) လိုလည်း ခေါ်ကြပါတယ်။ Sea Gypsy လို တင်စားရခြင်း အကြောင်းရင်းကတော့ လှေတွေပေါ်မှာပဲ သွားလာနေထိုင်တတ်ခြင်းကြောင့်ပါ။ ဆလုံတွေဟာ ရိုးသားလှတဲ့ တိုင်းရင်းသားတစ်စုလည်း ဖြစ်ပါတယ်။ ဆလုံတွေကို ပညာရှင်တွေက မွန်ခမာအနွယ်လို လည်းကောင်း၊ မလေးအနွယ်ဝင်လိုလည်းကောင်း ကွဲလွဲစွာ ယူဆကြပါတယ်။          ဆလုံတွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ ရေကူး၊ ရေငုပ် အင်မတန်ကျွမ်းကျင်သူတွေ ဖြစ်တယ်။ ရေငုပ်ပြီး ပင်လယ်ခရု၊ ကမာများရှာ...

ထားဝယ်ရိုးရာ ရေအိုးရွက်အက

Image
  ထားဝယ်ရိုးရာ ရေအိုးရွက်အက ထားဝယ် ရေအိုးရွက်အက ဟူသည် ထားဝယ်သူ ပျိုဖြူချောလေးများက ထားဝယ်ရိုးရာ ဝတ်စုံအား ဝတ်ဆင်ကာ ခေါင်းပေါ်တွင် ရေအပြည့်ထည့်ထားသည့် ရေအိုး တစ်အိုးမှ ငါးအိုး ခြောက်အိုးအထိ  ဆင့်ရွက်ကာ ကပြဖျော်ဖြေသည့် ရိုးရာအက တစ်မျိုးဖြစ်ပါသည်။ (ထားဝယ်သူ ဟူသည် ထားဝယ်မြိုနယ်တွင် နေထိုင်သည့် မိန်းမပျိုများကိုသာ ဆိုလိုခြင်းမဟုတ်ပဲ ထားဝယ်သွေးမှ ပေါက်ဖွားလာသူ ထားဝယ်ခရိုင်အတွင်းမှ မိန်းမပျိုအားလုံးကို ဆိုလိုခြင်း ဖြစ်ပါသည်) ဤသို ဖြစ်မည်ကို “တဘောင်”ပေါ်ခဲ့ခြင်း ဖြစ်၏။ ထိုတဘောင်မှာ “ရွှေဝယ်သူများ ရေခပ်သွား” ဖြစ်လေ သည်။ မြန်မာဘုရင်သည်လည်း ထိုအရေးအခင်းများ ကြောင့် ထားဝယ်ကြောင်း စစ်ချီလာလေသည်။ ယိုးဒယား သို စစ်ချီလာသည်။ ရွှေတောင်စားမင်းကား ယိုးဒယား မင်းနှင့် ပေါင်းရသည်မှာ ထားဝယ်ပြည်သူများ၊ အေးချမ်း သာယာစွာ နေထိုင်နိုင်စေရန်အတွက်ဖြစ်သည်။ သိုသော် အေးချမ်းစေလိုသော်လည်း မအေးချမ်းဘဲ မြန်မာဘုရင်စစ်ချီလာခြင်းကြောင့် ပူပန်သောကဖြစ်ရရုံမက မိမိ၏ အသက်စည်းစိမ်အတွက်ပင်ပူပန်ရတော့သည်။ သိုဖြစ်၍ တဘောင်ဖြစ်သော တေးသွား၏ လိုရင်း အဓိပ္ပာယ်ကို ဖွင့်ဆိုမည်ဆိုပါက “ရွှေဝယ်သူများ အသွား” မင်းရှင်ဖော်သည် ထားဝယ်သူ၊ ထာ...

ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸

Image
                                          ထားဝယ်ရိုးရာ မိုးခေါ်ပွဲ (သို) ဖားထီး ဖားမ မိုးခေါ်ပွဲ အစဉ်အလာ🐸 ရှေးရှေးသော ထားဝယ်လူမျိုးများ၏ အယူအဆ ယုံကြည်မှုအရ မိုးခေါင်ခဲ့လျှင် လွန်ဆွဲ၍ မိုးမရွာက ဖားထီ၊း ဖားမ ပွဲကို အစီအစဉ်တကျ ဆင်ယင်ကျင်းပလေ့ရှိကြသည်။ အကယ်၍များ မိုးမရွာသေးလျင် ထားဝယ်ရာဇဝင်လာ ငါးခုံးမ ရုပ်ထုကို ရွှေချ၍ ရေသွန်းခြင်း ရေချခြင်းများ ပြုလုပ်ပါက မိုးမရွာပဲ မနေနိုင်ဟု ထားဝယ်ဓလေ့ ဆိုရိုးရှိခဲ့ပါသည်။ ဤတွင် ဖားထီး ဖားမပွဲနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုသည်မှာ ဘုရားအလောင်းတော် ငါးရံ့မင်း ဘဝဖြင့် ဇလွန်းကျေးရွာ ဇလွန်းတောင်အနီးရှိ ရေကန်ငယ်တွင် ကျင်လည်ကျက်စားခဲ့ရာ အစွဲပြူ၍ ငါးရံ့မင်း ရေအိုင် (သို့) နဒီသေလာကန်တော်ဟုခေါ်တွင်ခဲ့ပြီး ယနေ့တိုင် တည်ရှိဆဲ ဖြစ်ပါသည််။ မိုး နောက်ကျလွန်း၍ လယ်ထွန်၍မရ လယ်ယာမြေများ ပက်ကြားအက်သည့် အခြေအနေတွင်လည်းကောင်း စပါးပင်များ စိုက်ပျိုးပီး၍ မိုးလယ်ကာလ မိုးတန့် မိုးခေါင် ဖြစ်သည့်အခါ၌ လည်းကောင်း ထားဝယ်ဒေသ ဝမ်းစာ ပြတ်လပ်၍ ကပ်ဘေးဆိုက်မည့် အခြေအနေသို ရော...

🐅တနင်္သာရီရိုးရာ ကျားအက🐅

Image
🐅တနင်္သာရီရိုးရာ ကျားအက🐅 တနင်္သာရီ “ကျား”အကသည် ရှေးကျသော ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်ပြီး ယခုအချိန်တွင် ပျောက်ကွယ်လုနီးနီး ဖြစ်နေပေပြီ။ ကျားအက ကရန် ကျားကမည့်သူများအား ခါးတောင်မြှောင်အောင်ကြိုက်၍ အင်္ကျီဗလာဖြင့် ကျားတစ်ကောင်ကဲ့သို့  အသွင်‌ေပြာင်းရန် ခံဆေး/ သုတ်ဆေးတို့ဖြင့် (အနီ၊ အဖြူ၊ အဝါ၊ အနက်) စသည့် ဆေးရောင်စုံမျိုးစုံဖြင့် လူတစ်ကိုယ်လုံး ခန္ဓာကိုယ်အနှံ့အား အကြောင်အကြား၊အစက်အပြောက်များအား သက်ဆိုင်ရာပန်းချီပညာရှင်များက ရေးခြယ်ပေးခဲ့ကြကြောင်း၊ ခါးဆစ်တွင် သံကြိုးဖြင့် ချည်နှောင်ထားရှိ၍ ကျားကစဉ် ကျားစိတ်နိုးထလာစေရန် မုဆိုးများမှ ဟန်ရေးပြခြောက်လှန့်၍ ရန်ပြုပေးရသကဲ့သို ဗုံအဖွဲ့ကလည်း ဒေါင်းဒေါင်းနီချိန်းဆိုသည့် စည်းချက်ဖြင့် တီးကွက်မြိုင်ဆိုင်အောင် တီးပေးကြရကြောင်း သိရသည်။ ကျားစိတ်ပြင်းစွာ မာန်ဖီလာသောအခါ နီးရာကို လိုက်ကိုက်တတ်သဖြင့် ကျားထိန်းများက နိုင်နင်းစွာထိန်းပေးရပြီး ကျားစိတ်ဖြေ လျှော့သွားစေရန်အတွက် ကရမက်လောဘန်ခွက် မီးခိုးအငွေ့ကို ကျား၏ နှာခေါင်းဝတွင် ပေးရူကြရကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ တနင်္သာရီ “ကျား”အဖွဲတွင် လူကျား(၅)ဦး၊ ကျားနောက်ထိန်းသူ (၁ဝ)ဦးထက်မနည်း ပါ...

တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု

Image
တနင်္သာရီဒေသ၏ နယ်စပ်ဂိတ် သုံးခု တနင်္သာရီဒေသဟာ လှပတဲ့တောင်တန်း၊ ပင်လယ်၊ မြစ်တိုနဲ့ ဝန်းရံထားတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ဖက်ဆုံးမှာရှိတဲ့ တနင်္သာရီဒေသဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ နယ်စပ်ထွက်ပေါက် အနေနဲ့ကတော့  (၁) ထားဝယ်ခရိုင် မေတ္တာမြိုနယ်မှာရှိတဲ့ ထီးခီးနယ်စပ်၊  (၂) မြိတ်ခရိုင် မောတောင်မြိုနယ်မှာရှိတဲ့ မောတောင်နယ်စပ်နဲ့  (၃) ကော့သောင်းခရိုင် ကော့သောင်းမြိုမှာတည်ရှိတဲ့ ကော့သောင်း-ရနောင်းနယ်စပ်တိုပဲ ဖြစ်ပါတယ်။  ထီးခီးနယ်စပ်နဲ့ မောတောင်နယ်စပ် ဂိတ်တွေဟာ ကားလမ်းခရီး ပေါက်ပါတယ်။ ဒီနယ်စပ်ဂိတ် နှစ်ခုကတော့ ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေးအတွက် အဓိကအသုံးပြုတယ်လို သိရပါတယ်။ ထီးခီးနယ်စပ်ကို အာဆီိယံ pole လမ်းမအဖြစ်ဖောက်လုပ်ဖို project ရှိခဲ့ပေမယ့် ယခုထိတော့ မြေသားလမ်း အခြေနေသာ ရှိပါသေးတယ်။ မိုးရာသီဆို လမ်းခရီးကအတော်ဆိုးတယ်လို သိရပါသေးတယ်။ ထူးခြားချက်အနေနဲ့ကတော့ ထီးခီးနယ်စပ်ဟာ KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိတာပဲဖြစ်ပါတယ်။ ဘန်ကောက်မြိုထဲကို ထီးခီးနယ်စပ်ကနေသွားမယ်ဆ်ိ (၃)နာရီသာကြာမြင့်မှာ ဖြစ်...