#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း Horse Shoe Carb
#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း
Horse Shoe Carb
ဗီလားကောင်တွေဟာ ဆိုရင်ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 450 ခန့်ကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာပါ။ ရှည်လျားပီး ပါးလွှာတဲ့ အမြီးပါရှိပီး ရွှံ့နွံထဲမှာ နေထိုင်တတ်တဲ့ ရေငန်နေ ပင်လယ်သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပင်လယ် ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရလေ့ ရှိပါတယ်။ တနင်္သာရီ ဒေသိယ အခေါ်အဝေါ်အရ ကန်းဖိုကန်းမ၊ ရေကန်းဟု ခေါ်လေ့ရှိပါတယ်။
သူတို့ဟာ တစ်ခါတစ်လေ ငါးဖမ်းတဲ့ ပိုက်ကြားမှာ ပါလာတတ်ပီး အမြီးနဲ့ထိုးတတ်တဲ့ အတွက် ဖမ်းရခက်တဲ့ သတ္တဝါ တစ်မျိုးပါ။
အရွယ်အစား အမျိုးမျိုးရှိတတ်ပီးတော့ သေးငယ်တဲ့ ဂဏန်းပေါက် ငါးပေါက် နဲ့ ပင်လယ်ရေမှော်တွေကို စားသုံးပီး အသက်ရှင် နေထိုင်လေ့ ရှိပါတယ်။
အထီးတွေဟာ ပိုပေါ့လေ့ရှိပီး များသောအားဖြင့် အမတွေမှာ ဥတွေနဲ့ လေးလေးပင်ပင် ရှိသောကြောင့် ကိုင်တာနဲ့ အထီးအမ ခွဲခြားနိုင်ပါတယ်။
သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါ တစ်မျိုးအဖြစ်မြင်ကြပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ အမြီးဟာ အဓိကအားဖြင့် သူတို့ ပက်လက်လှန်သွားတဲ့ အချိန်မှာ တဖန်ပြန်မှောက်ကာ နဂိုအနေအထားကို ရှိဖို့ အတွက်ပဲ အသုံးပြုလို့ ရပါတယ်။ ထူးဆန်းတဲ့ အပြာရောင်သွေးရှိပီး ပိုကြီးတဲ့ အကောင်တွေမှာ ဥအရောင်တွေကလဲ အစိမ်းရောင်တွေ ဖြစ်နေတတ်ပါတယ်။
သူတို့ရဲ့ လူတွေကို အကျိုးပြုစေနိုင်တဲ့ အဓိကအချက်ကလဲ ထူးဆန်းတဲ့ ဥတွေနဲ့ သွေးပါပဲ သူတို့ရဲ့ သွေးဟာ Bacteria တွေကို တိုက်ထုတ်နိုင်တဲ့ အတွက်ကြောင့် ဆေးတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ Horse Shoe Crab မြန်မာအခေါ် ဗီလားကောင်ရဲ့ ဥတွေ ဟာဆိုရင်ဖြင့် အကြောအချင်ကို လုံးဝကောင်းစေပါတယ်။
မြန်မာ့ အယူအရလဲ သူ့အမြီးကို သံပုရာသီးမှာ ထိုးလိုက် လူ့ခြေထောက်မှာ တစက်စက်ထိုးခြင်းဖြင့် ကြွတ်တက်တာ အကြောတက်တာကို ပျောက်ကင်းစေနိုင်တယ်လို့ အဆိုရှိကြပါတယ်
သူ့ရဲ့အခွံမာကိုလဲ မြင်းတွေ နွားတွေရဲ့ ခွာမှာကပ်ပီးတော့လဲ အသုံးပြုနိုင်ပါတယ် အနောက်နိုင်ငံတွေ မှာ HORSE SHOE CRAB တွေကို မကောင်းဆိုးဝါးတွေကို အိမ်မှ နှင်ထုတ်နိုင်တဲ့ အကောင်တစ်မျိုးအဖြစ် အယူရှိလေ့ရှိပီး တချို့အိမ်တွေမှာ မွေးထားလေ့ ရှိပါတယ်
#ကင်းဖိုကင်းမ ခေါ် #ဗီီလားကောင်
သူဟာ ပင်လယ်ထဲမှာနေပါတယ်။ နှစ်ကောင်ထပ်နေကြတာပါ။ အကြီးကအမ၊ အသေးကအထီးပါ။ တစ်ချို့ကဖမ်းမိရင် အထီးကိုခွာပြီး ပင်လယ်ထဲ ပြန်ပစ်ချကြပါတယ်။ အဲဒီအခါကျရင် အထီးကောင်က အမကောင်ကို ပင်လယ်ရေ နောက်အောင်ပြန်ရှာတတ်ပါတယ်။
ကင်းဖို၊ ကင်းမ ဆိုတာ အောက်ချင်း ငှက်ဖို ငှက်မ လို၊ ကိန္နရီ ကိန္နရာ လို မောင်နှံ တူစုံ ယှဉ်တွဲပြီး သွားလာ နေထိုင်ကျက်စား လေ့ရှိတယ်။ အခုတော့ အတော့်ကို ရှားပါးလာနေပြီလို့ သိရတယ်။ ထိုင်း စျေးကွက် အပြင် တရုတ်စျေးကွက် တွေမှာပါ တွင်ကျယ် လာတော့ ထောင်ချောက်တွေ၊ ပိုက်ကွန်တွေနဲ့ အဖို အမ အကုန် ဖမ်း လာကြပြီး အစတုန်း ကတော့ ဥကို စားသုံးကုန် အဖြစ်သာ စျေးကွက်ရှိပြီး အခုနေခါမှာတော့ အသားကိုပါ စားသုံးလာနေကြတယ်လို့ သိရပါတယ်။
"Horseshoe crabs" ပင်လယ်ဗီလား သတ္တဝါတွေ
ဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း(၄၅၀)မီလီယံ ခန့်ကျော်လွန်၍ လာခဲ့ပါပြီ။ဒိုင်နိုဆော(Dinosours)သတ္တဝါတွေရှိစဉ်အခါကတည်းက ဗီလားတွေဟာ ယနေ့အချိန်ထိ မျိုးတုန်းပျောက်ကွယ် မသွားသေးပါဘူး။
ဗီးလားဟာ အရမ်းအဖိုးတန်ပြီး သူ့မှာ အရှားပါးဆုံး သွေးကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့သွေးဟာ အပြာရောင်(blue blood) ဖြစ်ပါတယ်။ ဗီလားတွေရဲ့သွေးဟာ "Limulus Amebocyte lysate"(LAL)လို့အမည်ပေးထားတဲ့ ဗက်တီးရီယား ပိုးမွှားသန့်စင် ဆေးတစ်မျိုးကို ထုတ်ယူရရှိပါတယ်။
ဒီဆေးဟာ (Endotoxin detection) အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူသားတွေရဲ့သွေး/ တိရိစ္ဆာန် သတ္တဝါ တွေရဲ့သွေးထဲက ဗက်တီးရီယား ပိုးမွှားများကို ရှာဖွေစစ်ဆေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒီဆေးကို သိမ်းဆည်းထားမည်ဆိုလျှင် အနည်းဆုံးအပူချိန် 2-8°C စင်တီဂရိတ် ရှိရပါမယ်။
ဗီလားမွေးမြူရေးလုပ်ငန်းဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ မီလီယံနဲ့ချီပြီး ၀င်ငွေရရှိပါတယ်။
Villa(ဗီလား) ဖြစ်ပြီး Billa(ဘီလား) မဟုတ်ပါ။Horse(မြင်း)၊ Shoe(ရှုးဖိနပ်)၊ Crab(ဂဏန်းကောင်)၊ Horseshoe crab ကို ဘာသာပြန်ကြည့်ရင်တော့ မြင်းဖိနပ်ဂဏန်း ဖြစ်သွားမှာပေါ့။ နောက်တစ်နည်း အဆင်ပြေအောင် ပြန်ဆိုကြည့်ရင်တော့ (မြင်းခွာဂဏန်း)ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဗီလားတွေရဲ့သွေးဟာ သတ္တဝါတွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်လျက်ရှိပါတယ်။ ဒီ အဖိုးတန် သက်ရှိလေးများ မျိုးတုန်းမပျောက်ကွယ်သွားစေရန် ထိန်းသိမ်းရမည်မှာ ကျွန်ုပ်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
#Credit_ဘ၀ခါးခါး
မူရင်း ရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
Comments
Post a Comment