ဦးပိန်တံတား
ဦးပိန်တံတား
* * * * * *
ဦးပိန်တံတား(ခ)တောင်သမန်တံတားလို့ ကြားလိုက်လျှင် သစ်သားတိုင်များဖြင့် တည်ဆောက်ထားသောတံတားဟောင်းတစ်ခုလို့ သိမြင်ကြပါလိမ့်မယ်။
ကမ္ဘာကျော်တံတားဖြစ်တဲ့ ဦးပိန်တံတားဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာ တည်ရှိပါတယ်။
အမရပူရမြို့ဟာ ရှေးမြို့ဟောင်းတစ်မြို့ ဖြစ်ပါတယ်။ အိုမင်းသော မန်ကျည်းပင်တို့က လမ်းများပေါ်သို့ အရိပ်ထိုးဝင်သောကြောင့် လမ်းများဟာအေးမြနေပါတယ်။
အနောက်ဘက်တွင် ရွှေတစ်ချောင်း ချောင်းရေနှင့်ဧရာဝတီမြစ်ရေကို ကာကွယ်ပေးထားသည့် တာရိုးကြီးတည်ရှိပြီး ၎င်းနောက် အဝေးတွင်မူ စစ်ကိုင်းတောင်ရိုး ထိုးထွက်နေပါသည်။
အမရပူရမြို့ ပါဠိလို (မသေသောမြို့)လို့ အဓိပ္ပာယ်ရတဲ့ မြို့လေးမှာ အလွန်လှပပြီး ကမ္ဘာလှည့်ခရီးသည် တွေ လာရောက်လည်ပတ်ကြတဲ့ ဦးပိန်တံတားဟာယခုဆိုလျှင် နှစ်ပေါင်း၁၇၃နှစ်နီးပါး ရှိနေပါပြီ။ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်တွင် မြို့ဝန်ဦးဘိုင်ဆပ်နှင့် ၎င်း၏စာရေး မောင်ပိန်တို့က မြန်မာသက္ကရာဇ် ၁၂၁၁ ခရစ်နှစ်၁၈၄၉မှ ာတည်ဆောက်ခဲ့ပြီး သက္ကရာဇ် ၁၂၁၃ (၁၈၅၁) မှာတည်ဆောက်
ပြီးစီးခဲ့ပါတယ်။ တိုင်များနှင့်ကြမ်းခင်းများဟာကျွန်းတိုင်များ ဖြစ်ပါတယ်။ အင်းဝနှင့် စစ်ကိုင်းကနန်းတော်ဟောင်းတိုင်များ ဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
တိုင်လုံးအရေအတွက် ---၁၀၈၆ - လုံး
အခန်းအရေအတွက် ---၄၈၂ - ခန်း
ဇရပ် - - - ၄ - ဆောင်
ဖေါင်ကြောင်းအရေအတွက် - --၉ - ခု
အရှည် ၇.၈ဖာလုံ (၀.၇၅ မိုင်)12kmရှည်လျားပါတယ်။
မန်းမြေကိုအလည်လာရင်တောင်သမန်အင်းနှင့်ဦးပိန်တံတားကိုမရောက်ဘူးဆိုရင် သင့်ခရီးစဉ်ဟာမပြည့်စုံနိုင်ပါဘူး။ တံတားရဲ့ တဖက်ကမ်း အရှေ့ဘက်အလွန်မှာ ကျောက်တော်ကြီးဘုရားကို မူလကုသိုလ်ရှင် ဘကြီးတော်မင်းခေါ် စစ်ကိုင်းမင်းဖြစ်ပြီး နောက်ပိုင်းမှာ ပုဂံမင်းက ဂန္တကုဋီတိုက်
ဆောက်လုပ်လှူဒါန်းထားခဲ့တဲ့ ဂန္တကုဋီတိုက်ထဲကကျောက်တော်ကြီး ရုပ်ပွားတော်ကို ဖူးမျှော်ရင်း နံရံဆေးရေးပန်းချီများကိုလည်း လေ့လာနိုင်ပါတယ်။
အနောက်ဘက်ထိပ်မှာတော့ တောင်မင်းကြီးဘုရားများကိုလည်း ဖူးမျှော်နိုင်ပါတယ်။ ကုသိုလ်ရှင်ကတော့ အသည်ဝန်မဟာ မင်းလှကျော်စွာ ဖြစ်ပါတယ်။
တောင်းမင်းကြီးဘုရား တောင်ဘက်မှာတော့ တောင်သမန်နဲ့ ဦးပိန်တံတားရဲ့အလှဆုံးနဲ့ အသာယာဆုံးကဗျာဆန်တဲ့ မယ်ဇယ်တန်းကို တွေ့မြင်ရပါလိမ့်မယ်။ စတင်စိုက်ပျိုးပေးခဲ့သူများကတော့
ရေချမ်းဒကာဦးကြီး၊ ဒေါ်အိုတို့မိသားစုနဲ့ ဆွေမျိုးများ ဖြစ်ပါတယ်။
တောင်သမန်ဟာဝါဆို၊ ဝါခေါင်ရေတဖောင်ဖောင်နဲ့အလွန်လှသလို လေရူးတိုက်တဲ့ နွေဦးအစမှာလည်း
သီးနှံစိုက်ခင်း၊ ဘဲအုပ်တစ်သင်းနဲ့ ငြီးငွေ့မသွားစေပါဘူး။ "ခရီးသွားခြင်းဟာ၊ စိန်နားကပ်ပန်ရခြင်းထက်" ပိုပြီးမက်မောဖွယ် ကောင်းပါတယ်။ ဒါကြောင့်အခါအခွင့်သင့်လို့ မန္တလာမြေကို အလည်လာရင်ဖြင့်
မန်းမြေရဲ့ အထူးခြားဆုံးနဲ့အလှဆုံး နေရာထဲကတစ်ခုဖြစ်တဲ့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးနှင့် အရှည်လျားဆုံး ကျွန်းတံတားကြီးရှိရာ အမရပူရမြို့ဟောင်းရှိတောင်သမန်အင်းကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ဦးပိန်တံတားကြီးနဲ့ မယ်ဇယ်တန်းကို လာရောက်လည်ပတ်ပါဦးလို့ ဖိတ်ခေါ်ပါရစေရှင်။
ရေးသူ- 🌹ပန်းပျိုးသူ
Good morning
ReplyDeleteGood night par
ReplyDelete