Posts

Showing posts from August, 2022

#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း Horse Shoe Carb

Image
#ဗီလား (ခ) #ကင်းဖိုကင်းမ (ခ) #မြင်းခွာဂဏန်း Horse Shoe Carb ဗီလားကောင်တွေဟာ ဆိုရင်ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 450 ခန့်ကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာပါ။ ရှည်လျားပီး ပါးလွှာတဲ့ အမြီးပါရှိပီး ရွှံ့နွံထဲမှာ နေထိုင်တတ်တဲ့ ရေငန်နေ ပင်လယ်သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပင်လယ် ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရလေ့ ရှိပါတယ်။ တနင်္သာရီ ဒေသိယ အခေါ်အဝေါ်အရ ကန်းဖိုကန်းမ၊ ရေကန်းဟု ခေါ်လေ့ရှိပါတယ်။ သူတို့ဟာ တစ်ခါတစ်လေ ငါးဖမ်းတဲ့ ပိုက်ကြားမှာ ပါလာတတ်ပီး အမြီးနဲ့ထိုးတတ်တဲ့ အတွက် ဖမ်းရခက်တဲ့ သတ္တဝါ တစ်မျိုးပါ။ အရွယ်အစား အမျိုးမျိုးရှိတတ်ပီးတော့ သေးငယ်တဲ့ ဂဏန်းပေါက် ငါးပေါက် နဲ့ ပင်လယ်ရေမှော်တွေကို စားသုံးပီး အသက်ရှင် နေထိုင်လေ့ ရှိပါတယ်။ အထီးတွေဟာ ပိုပေါ့လေ့ရှိပီး များသောအားဖြင့် အမတွေမှာ ဥတွေနဲ့ လေးလေးပင်ပင် ရှိသောကြောင့် ကိုင်တာနဲ့ အထီးအမ ခွဲခြားနိုင်ပါတယ်။ သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါ တစ်မျိုးအဖြစ်မြင်ကြပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ အမြီးဟာ အဓိကအားဖြင့် သူတို့ ပက်လက်လှန်သွားတဲ့ အချိန်မှ...

❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑

Image
❑ဆလုံလူမျိုးနှင့် ယဥ်ကျေးမှု❑            ဆလုံလူမျိုးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရဲ့ မြိတ်ကျွန်းစုမှာ နေထိုင်ကြတဲ့ လူမျိုးတစ်စု ဖြစ်ပါတယ်။ Sea Gypsy (ပင်လယ်ဂျပ်ပစီများ) လိုတင်စားခံကြရတဲ့ သူတိုဟာ ထူးခြားတဲ့ ရေငုပ်စွမ်းရည်၊ ယဉ်ကျေးမှု၊ အစားအသောက်၊ ဓလေးထုံးတမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ လက်ရှိအချိန်မှာတော့ လူဦးရေ ၂၀၀၀သာကျန်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ထိုင်းဖက်ကို ပြောင်းရွှေ့အခြေချလာတာတွေ ရှိလာပါတယ်။         သူတိုဟာ Austronesian အနွယ်ဝင်တွေ ဖြစ်ကြပြီး သူတိုကို မော်ကင်း (moken) လိုလည်း ခေါ်ကြပါတယ်။ Sea Gypsy လို တင်စားရခြင်း အကြောင်းရင်းကတော့ လှေတွေပေါ်မှာပဲ သွားလာနေထိုင်တတ်ခြင်းကြောင့်ပါ။ ဆလုံတွေဟာ ရိုးသားလှတဲ့ တိုင်းရင်းသားတစ်စုလည်း ဖြစ်ပါတယ်။ ဆလုံတွေကို ပညာရှင်တွေက မွန်ခမာအနွယ်လို လည်းကောင်း၊ မလေးအနွယ်ဝင်လိုလည်းကောင်း ကွဲလွဲစွာ ယူဆကြပါတယ်။          ဆလုံတွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ ရေကူး၊ ရေငုပ် အင်မတန်ကျွမ်းကျင်သူတွေ ဖြစ်တယ်။ ရေငုပ်ပြီး ပင်လယ်ခရု၊ ကမာများရှာ...