ဦးပိန်တံတား

ဦးပိန်တံတား * * * * * * ဦးပိန်တံတား(ခ)တောင်သမန်တံတားလို့ ကြားလိုက်လျှင် သစ်သားတိုင်များဖြင့် တည်ဆောက်ထားသောတံတားဟောင်းတစ်ခုလို့ သိမြင်ကြပါလိမ့်မယ်။ ကမ္ဘာကျော်တံတားဖြစ်တဲ့ ဦးပိန်တံတားဟာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာ တည်ရှိပါတယ်။ အမရပူရမြို့ဟာ ရှေးမြို့ဟောင်းတစ်မြို့ ဖြစ်ပါတယ်။ အိုမင်းသော မန်ကျည်းပင်တို့က လမ်းများပေါ်သို့ အရိပ်ထိုးဝင်သောကြောင့် လမ်းများဟာအေးမြနေပါတယ်။ အနောက်ဘက်တွင် ရွှေတစ်ချောင်း ချောင်းရေနှင့်ဧရာဝတီမြစ်ရေကို ကာကွယ်ပေးထားသည့် တာရိုးကြီးတည်ရှိပြီး ၎င်းနောက် အဝေးတွင်မူ စစ်ကိုင်းတောင်ရိုး ထိုးထွက်နေပါသည်။ အမရပူရမြို့ ပါဠိလို (မသေသောမြို့)လို့ အဓိပ္ပာယ်ရတဲ့ မြို့လေးမှာ အလွန်လှပပြီး ကမ္ဘာလှည့်ခရီးသည် တွေ လာရောက်လည်ပတ်ကြတဲ့ ဦးပိန်တံတားဟာယခုဆိုလျှင် နှစ်ပေါင်း၁၇၃နှစ်နီးပါး ရှိနေပါပြီ။ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်တွင် မြို့ဝန်ဦးဘိုင်ဆပ်နှင့် ၎င်း၏စာရေး မောင်ပိန်တို့က မြန်မာသက္ကရာဇ် ၁၂၁၁ ခရစ်နှစ်၁၈၄၉မှ ာတည်ဆောက်ခဲ့ပြီး သက္ကရာဇ် ၁၂၁၃ (၁၈၅၁) မှာတည်ဆောက် ပြီးစီးခဲ့ပါတယ်။ တိုင်များနှင့်ကြမ်းခင်းများဟာကျွန်းတိုင်များ ဖြစ်ပါတယ်...